မှ နှင့် မျှ

ကျောင်းရှေ့အုတ်နံရံ မှာစာရေးထားတာက မည်သည့်ယာဉ်မှ မရပ်ရ။ မှ လား မျှ လားဆရာ။

ဘယ်ကားမှလို့ရေးတာ သဒ္ဒါအရ မမှန်လို့ထင်ပါတယ်။ မည်သည့်ယာဉ်မဆိုလို့ စာလိုရေးသင့်တယ်။ ဘယ်ကားမ မရပ်ရ။ ဘယ်သူမ မဝင်ရလို့ စကားမှာပြောနိုင်တယ်။ ဘယ်သူ့မ လူမထင်။

သဒ္ဒါအရ မှဆိုတာ ထွက်ခွါရာပုဒ်ဖြစ်တယ်။ အခြေအနေတခုကို ဖေါ်ပြရာမှာလည်းသုံးတယ်။ သူမှာမှ ငါသွားမယ်။ ထင်ရှားအောင် ငါမှငါလို့လည်းသုံးတယ်။

ဘယ်ကားမျှလည်း မမှန်လောက်ပါ။ မျှဆိုတာက မျှတတယ်လို့ပြောတာ။ ပျမ်းမျှ။ အမျှဝေသည်။ ထပ်တူထပ်မျှ။ အနည်းငယ်မျှ။ အဘယ်မျှ။ ရေးမိသမျှ။

ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး