Sunday, September 24, 2017

Heir နောက်လူ

သေချာတော့ မသိပါ၊ ဒေါ်စုအလွန် မြန်မာပြည်ကို ဦးဆောင်မည်သူဆိုလား ဟိုနားသည်းနား ဖတ်နေရတယ်။ တစ်ပေးတာတခုလည်း ဖတ်ရတယ်။

တိုင်းပြည်လွတ်လပ်ရေးရရင် ဗိုလ်ချုပ်အောင်ဆန်းကသာ တိုင်းပြည်ကိုဦးဆောင်မယ်လို့ သိထား၊ တွက်ထား၊ မှန်းဆ မျှော်လင့်ထားခဲ့ကြတယ်။ တကယ်ဖြစ်တော့ ဦးနု။

ဦးနုကို ယှဉ်နိုင်တဲ့ နောက်ဝန်ကြီးချုပ်လောင်းက ဦးဗဆွ။

မဟုတ်ပါလေ။ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းယူလိုက်တယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ဒုတိယလူက ဗိုလ်ချုပ်အောင်ကြီး။ နောက်တော့ ဦးစန်းယု။

တခုမှဖြစ်မလာ ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်းလိုက်တယ်။ သူ့လက်ထက် ဝမ်းအင်ဟာ့ဖ်ဆိုတာ ပြောကြတယ်။

သူပါ ကျသွားတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာယူလိုက်တယ်။ သူ့နောက်လူက ဗိုလ်ချုပ်ကြီးမောင်အေး။

သူလည်း အနားပေးခံရတယ်။ တစ်ပြေးနေတဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းကိုလည်း ဦးသိန်းစိန်ကကျော်တက်သွားတယ်။

အခု ဒေါ်စု။ နောက်ဖြစ်မယ့်သူရှာတဲ့အလုပ်ကို လေသမားတွေလုပ်ကြတယ်။ မြန်မာ့ရာဇဝင်မှာ ဖုတ်သွင်းရထားမရှိပါ။ အပြောဇာတ် အဟောဇာတ်မှာတော့ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...