Copy and Paste ကူးယူသုံးစွဲခြင်း

မင်္ဂလာပါဆရာ ကျနော်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ လုပ်နေတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတယောက် ဖြစ်ပါတယ်။ ကျနော်တို့အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် စာမေးပွဲဖြေရင်သော်လည်းကောင်း ဗဟုသုတအလို့ငှာ ရှာဖွေဖတ်ရှုချင်ရင်သော်လည်းကောင်း မှီငြမ်းဖတ်ရှုရန် ရည်ရွယ်လျက် www.bhsyanmar.blogspot.com ကို စတင်ခဲ့ပါသည်။ ထို Blog ၏ကဏ္ဍများထဲမှ Treatment Guideline (or) Diseases (ဆရာပေးလိုသောကဏ္ဍ) တွင် ဆရာ့ Blog မှ Post အချို့ကို Blog သို့ ကူးယူတင်ခွင့်ပြုနိုင်ပါရန် ခွင့်ပန်အပ်ပါသည်။

ဟုတ်။ မူရင်းအတိုင်းသာ ကူးယူသုံးစေလိုပါတယ်။ သတ်ပုံ + စာလုံးပေါင်းတွေကို မပြင်စေလိုပါ။ ကျွန်တော်က တင်ထားပြီးသားတွေကို ပြန်ပြန်စစ်ပါတယ်။ ဆေးသုတေသနအသစ်တွေ ထပ်ဖြည့်တယ်။ မှားရိုက်ထားတာတွေ့ရင် ပြန်ပြင်နေပါတယ်။ စာအဟောင်းတွေမှာ အမှားလေးတွေကျန်ဦးမယ်။ ဘလော့အဟောင်းတွေကစာတွေကို ပြင်မရလို့ ယူမသုံးသင့်ပါ။ ရေးထားတဲ့ဘလော့တွေကများတယ်။ အခု http://doctortintswe.blogspot.com/ တခုတည်းမှာသာ အသစ်တွေရေးပါတယ်။ ကူးယူသုံးတာမှာ ပုံတွေကိုလည်း အများအတွက်သင့်တာကိုသာ သုံးစေလိုပါတယ်။ အဲလို ဆေးပညာသုတရစေအောင်လုပ်တာကို အားပေးပါတယ်။ ကျွန်တော့်အမည်ကိုတော့ အောက်ကအတိုင်းသာ ထည့်စေလိုပါတယ်။ ဆရာကြီးလို့မသုံးသင့်ပါ။ ဌာနမှူး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်တွေကိုသာ ကြီးထည့်ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး