အိုင်ဒီယာသာမက အရေးပါတာရှိတယ်
တယောက်က အင်္ဂလိပ်လိုကွန်မင့်ပေးပါတယ်။ ဘာသာပြန်ရရင် ကျေးဇူး။ ဆရာဦးသိန်းဖေမြင့်ကတော့ စာဖတ်တာ သတ်ပုံက အဓိကမဟုတ်၊ အိုင်ဒီယာနဲ့ ရေးသားပုံက ပိုအရေးကြီးတယ်လို့ပြောကြောင်း ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အဲတာကို တဝက်တပျက်ထက်ပိုပြီး သဘောမတူနိုင်ပါ။ မေးခွန်းမှာ ဘာဆိုလိုတာမှန်းမသိတာကို ရမ်းမှန်းဖြေတာ အသက်နဲ့ကစားရာကျတယ်။ မေးတဲ့သူတိုင်းရဲ့ အိုင်ဒီယာက ကျန်းမာချင်ကြတာချည်းသာပါတယ်။
ကျွန်တော်သဘောကျတာက သိပ္ပံမောင်ဝ။
မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့က သာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ အမှားတွေဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်းကောင်းတယ်ဘဲဆိုဆို၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လားမသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။ (၁၁-၁ဝ-၁၉၃၇)
သိပ္ပံမောင်ဝရေးတာကို မြန်မာ့စွယ်စုံကျမ်းမှာဖေါ်ပြထားတဲ့အတိုင်း ကူးရေးတာပါ။
ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆
၂ဝ-၉-၂ဝ၁၇

Comments
Post a Comment