ရှယ်ပါရစေ

Share ပြစေ ဆြာ :-)

တချို့က ကျေးဇူးပါဆစ်တဲ့။ တချို့က ရှယ်ပြစေတဲ့။ တချို့က အဲ့တဲ့။ တချို့က အာ့တဲ့။ မြန်မာပြည်မှာ စကားမပီသူတွေ များနေသလား မသိ။ ဆောရီး။

ဘာရေးချင်သလဲ သိတော့သိပါတယ်။ ပြောပါရစေ။ ကိုယ့်အိပ်ခန်းထဲမှာ ညဝတ်နဲ့နေလို့ရပေမယ့် ဆေးခန်းသွားရင်တော့ တင့်တယ်တာလေး ဝတ်သွားရတယ်မဟုတ်ပါလား။ ကိုယ့်အကောင့်ကနေ မပီမသရေးတာကို လူတိုင်းကသိကြတယ်။

ပြ
ညွှန်ပြ
နည်းပေးလမ်းပြ
မျက်နှာပြ
ပြဋ္ဌာန်းသည်
ပြခန်း
ပြင်းပြင်းပြပြ
ပြဇာတ်
ပြည်ရွာမြို့ပြ
ပြတင်း = ပြူတင်း = ပြူပြတင်း
ပြတင်းပေါက်
ပြတန်ဆောင်း
ပြတိုက်
ပြဒါးတိုင်
ပြဒါးရှင်
ပြယုဂ်ဥဒါဟရုဏ်
ပြသသည်
ပြအိုး (မြို့ပတ်လည်တံခါး၌ ဘုံအဆင့်ဆင့်)
ပြညွှန်းသည်
ပြညွှန်သည်
လမ်းပြသည်
သင်ပြသည်
ဟန်ပြ
ဥပမာပြသည်
နေရောင်ပြ
ပြောပြ

ပါ
ပါချည်ပါချဲ့
ပါစင်အောင်လွဲ
ပါဋလိပုတ်ပြည် (ပါဝါပြည်)
ပါဏာတိပါတ်
ပါဏာတိပါတ်
ပါတိတ်
ပါတိမောက်
ပါဒရက်နာ
ပါပဓါတ် (မကောင်းသောဓါတ်)
ပါပဂြိုဟ်
ပါရမီ
ပါရာဇိကဏ်
ပါဠိပါဌ်သား
ပါမောက္ခ
ပါအောင်ခေါ်
ဥပါ (ဘီလူး)
ဥပါလိရဟန္တာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး