အော်တိုမက်တစ် မြန်မာစာ

ကြော်ငြာလေးတခု တွေ့မိလို့ ကူးယူထားလိုက်တာပါ ဆရာခင်ဗျား။

အော်တိုမက်တစ် ပစ္စတို မကျိုးမပဲ့နိုင် (လိုင်စင်မလို)
အလိုလိုယမ်းထိုးပြီးသား ၆ ချက်ထွက်ဒိုင်ကွက်၍ မီးရောင်လွင့်ပုံများမှာလည်း သေနတ်အစစ်နှင့်မခြားဖြစ်သည်။ သင့်အဘို့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရာ၌ အကောင်းဆုံးအဘော်ဖြစ်သည်။
ယမ်းတောင့် အစိတ်နှင့် တပါတည်း တလက် ၈ိ - ၅ဝ ပြား
ဗီပီပီနှင့်ပို့ရလျှင် ၂ ကျပ် အပိုပေးရမည်။
ယမ်းတောင့် တဒါဇင် တကျပ်။
သားရေအိတ် ၄ ကျပ်
မှာသည့်အခါ အင်္ဂလိပ်စာနှင့်သာ ရေးပါ။

အော်တိုမက်တစ် မြန်မာစာ ကျိုးပဲ့သွားရရှာ။ ကျိုးပဲ့မြန်မာစာနဲ့ ဘရုတ်ကင်းအင်္ဂလိပ်စာနှင့်သာ ရေးကြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၇
Photo from Moon Soon

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး