Apple ပန်းသီးခြံ

ယူအက်စ်ကိုရောက်လာတဲ့ မိဘနှစ်ဖြာ ဖရှက်ရှာတွေကို ဟိုဟိုသည်သည် သွားစေချင်လို့ သားအငယ်ဆုံးက အစီအစဉ်လေးတခုလုပ်ပါတယ်။ စနေ့တရက်မှာ အနီးအနားက ပန်းသီးခြံကို သွားဖြစ်ကြတယ်။

ဒေလီမှာလည်း ဆယ့်နှစ်ရာသီ ပန်းသီးရတယ်။ ခပ်စိမ်းစိမ်းနဲ့ အနီ-နီညိုရောင်နှစ်မျိုး။ အသားခပ်ပွပွနဲ့ ခပ်မာမာ။ တမျိုးစီ ကောင်းပါတယ်။ သွားလည်တဲ့ခြံထွက် (အခုထိ သိသမျှ) အကောင်းဆုံးပန်းသီးစားရတယ်။ မျက်စိနဲ့ တပ်အပ်မြင်နေရတဲ့ အပင်ကနေ ခူးဆွတ်ပြီး ရောင်းတာဖြစ်တယ်။ ကွန်တိန်နာတွေနဲ့ သယ်ရောင်းတာမဟုတ်။ ဖရိုဇင်းလည်းမဟုတ်။ ဖယောင်လည်းသုတ်မထား။ စားရတဲ့အရသာ သိသိသာသာကောင်းလှတယ်။ ပန်းသီးဖျော်ရည်ကလဲ ကောင်းမှကောင်း။

ကျွန်တော်တို့နှစ်ယောက် ပုံထဲကထက် ၃ နှစ်တိတိ ပိုအိုစာလာကြပြီ။ ပန်းသီးတွေကတော့ နှစ်တိုင်း အသစ်အသစ်တွေ သီးလာနေကြတယ်။ အမျိုးမှန်ပြီး သဘာဝဖြစ်တာတွေက ကောင်းတယ်။

Apple ပန်းသီး https://doctortintswe.blogspot.com/2017/09/apple.html
Why coat apple fruits ဖယောင်းသုတ် ပန်းသီး https://doctortintswe.blogspot.com/2014/11/why-coat-apple-fruits.html

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၄
၂၈-၉-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး