Bengal မှားအောင်လုပ်ထားတဲ့ ဘင်္ဂလား

ယဉ်ကျေးမှုနဲ့ ယုံကြည်မှုကို မေးခဲ့သူက ရာဂျစ် ချောင်ဒရီခေါ်တယ်။ ကျွန်တော်ကတော့ မင်းဇော်လို့ပဲခေါ်တယ်။ ၁၉၉၆ ကျောင်းသားဆန္ဒပြပွဲအပြီး ထွက်ပြေးရတဲ့ ဗကသ ထဲကပါ။ ကာလကတ္တားမှာ ရောက်နေတယ်။ သူက ဘင်္ဂါလီ။ တမျိုးအဓိပ္ပါယ်မကောက်လိုက်ပါနဲ့။ ဘင်္ဂါလီအသုံးကို အလွဲလွဲသုံးနေကြတဲ့တာကို ပြောပြချင်လို့ပါ။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေကို တစုတည်းထားပြီးအုပ်ချုပ်တယ်။ လွတ်လပ်ရေးရတော့ နိုင်ငံသီးခြားစီဖြစ်လာကြတယ်။ ပါကစ္စတန်ကတော့ အရှေ့နဲ့ အနောက်ကွဲပြီး၊ ၁၉၇၁ မှာ အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒက်ရှ်ဖြစ်လာတယ်။ အရင်က အဲတာကို အရှေ့ဘင်္ဂလားပြည်နယ်လို့ခေါ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံထဲက အနောက်ဘင်္ဂလားမှာ ဟင်ဒူဘာသာဝင် ဘင်္ဂါလီတွေ အများစုနေကြတယ်။

ဘင်္ဂလားဒက်နိုင်ငံမှာ ဘင်္ဂါလီစကားပြောဘင်္ဂါလီလူမျိုး ၉၈% ရှိတယ်။ ကိုးကွယ်ရာဘာသာမှာ မွတ်ဆလင်မ် ၈၉့၅%၊ ဟင်ဒူ ၉့၅%၊ ဗုဒ္ဓဘာသာ ဝ့၇% နဲ့ ခရစ်ယန် ဝ့၃%၊ ရှိတယ်။

အရင်အစိုးရလက်ထက်မှာ ရခိုင်ဒေသက မွတ်ဆလင်ဘာသာဝင်တွေကို ဘင်္ဂါလီလို့ခေါ်ခိုင်းနေတာ မှားတယ်။ ဘင်္ဂါလီဆိုတာ လူမျိုး။ ကိုးကွယ်ရာဘာသာ မဟုတ်ပါ။

ဘင်္ဂါလီသွေးပါသူတွေထဲမှာ နာမည်ကြီးသူတချို့က ကဗျာဆရာကြီး ရာဘန္ဒြာ နတ်(သ်) တဂိုး နဲ့ နိုဗယ်ဆုရ စီးပွါးရေးပညာရှင် အမာတီယာဆန်တို့က အိန္ဒိယနိုင်ငံသားဘင်္ဂါလီတွေ။ ဆရာပါရဂူ နဲ့ ဗဂျီအောင်စိုးတို့စာသင်ခဲ့တဲ့ ရှန်တိနိကေတန်ကလည်း အနောက်ဘင်္ဂလားမှာပဲရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅
၂၆-၉-၂ဝ၁၇

Unfortunate အန်ဖေါ်ကျူနိတ်

Bengal မှားအောင်လုပ်ထားတဲ့ ဘင်္ဂလားပို့စ်တင်ခဲ့တာ ၂ နှစ်ရှိပြီ။ ထပ်တင်တော့ မရှင်းမလင်းဖြစ်ကြပုံရတယ်။ ကျွန်တော်က စာရေးညံ့တယ်။ ဒိထက်ပိုရေးလို့မကောင်း။ တချို့ကွန်မင့်တွေကို ဟိုက် လုပ်လိုက်ပါတယ်။ ဆောရီး။

၁။ အစဉ်အဆက်ကတည်းက မြန်မာနိုင်ငံကသိထားပြီး အထင်ကရဘင်္ဂါလီလူမျိုးတွေရှိခဲ့တယ်။ ၂ဝ၁၂ နောက်မှာ အငြင်းပွါးနေတဲ့ လူမျိုးတစုကို ဘင်္ဂါလီတံဆိပ်ကပ်လိုက်တော့ အရင်ပုဂ္ဂိုလ်ဘင်္ဂါလီတွေနဲ့ ရောထွေးပြီး ဘင်္ဂါလီဆိုရင် လူဆိုးစာရင်း သွင်းရာကျတယ်။ မသင့်ပါ။ မြန်မာနိုင်ငံကသိထားပြီး အထင်ကရပုဂ္ဂိုလ်တွေက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြတယ်။ အငြင်းပွါးနေရတဲ့လူမျိုးစုက မွတ်ဆလင်ဘာသာဝင်တွေဖြစ်တယ်။ ခွဲခြားသိသင့်ပါတယ်။ ခွဲပြောရပါမယ်။

၂။ ဘယ်လိုခေါ်မလဲ မေးတယ်။ ဘယ်သူက ဘယ်လိုခေါ်ခေါ် သူတို့ခေါ်စေချင်တဲ့အမည်အတွက် တကမ္ဘာလုံးကို လော်ဘီ လုပ်တယ်။ ပြည်ပမှာ ထောက်ခံမှုအတိုင်းအတာဟာ ထင်တာထက်ကြီးမားတယ်။ အခုဆိုရင် လက်နက်ကိုင်ပြီး တိုက်လာတယ်။ လက်ရှိအစိုးရနဲ့ စစ်တပ်ကို ပြင်ပကမ္ဘာကပြစ်တင်တာ သမိုင်းမှာတခါမှ အဲလောက်မဆိုးဖူးသေးပါ။ ဘယ်သူတွေက ဘယ်လိုခေါ်ခေါ် သူတို့က နာမည်အဆင့်ကကျော်ပြီး နယ်မြေတိုက်ယူတဲ့အဆင့်ထိ တက်လာတယ်။

၃။ ဘာ့ကြောင့် အဲလောက်ထိ ဆိုးရွားကျယ်ပြန့်ကြီးမားသွားရသလဲ၊ ဘာဖြစ်လာနိုင်သလဲ၊ ဒီစာမှာ ထည့်မရေးသေးပါ။ ရေးရင်လည်း နားမလည်သူတွေ၊ ကက်ကက်လန်ရန်တွေ့မယ့်သူတွေ၊ ငရဲရောက်စရာတွေက များတယ်။ အချိန်ယူဦးမယ်။ အဲလို အပြည့်အစုံရေးမကောင်းသးတာမျိုးတွေရှိတယ်။ မတတ်နိုင်ပါ။ တိုင်းပြည်၊လူမျိုးနဲ့ ဘာသာတရားရဲ့ ကံတရားပဲ။ တတ်သိနားလည်သူတွေချည်း နေထိုင်တဲ့နိုင်ငံဆိုတာ မရှိပါ။

ဒီလိုအကြောင်းအရရေးတိုင်းမှာ ဘလော့စရာတွေပေါ်တယ်။ ၅ဝဝဝ ကနေလျှော့မယ်။ ဖြည့်စရာလူတွေက ပိုများတယ်။ အန်ဖေါ်ကျူနိတ်ဆိုတာကို ဗုဒ္ဓဘာသာမဟုတ်သူတွေကလည်း သုံးတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၇

Hard Copy and Online Copy မြန်မာ့စွယ်စုံကျမ်း

ကျွန်တော့်ပို့စ်တခု = Bengal မှားအောင်လုပ်ထားတဲ့ ဘင်္ဂလား

ကွန်မင့်တခု = ၁၉၆၁ ခုနှစ်ထုပ် မြန်မာ့စွယ်စုံကျမ်း အတွဲ ၉ အပိုင်း(က) စာမျက်နှာ ၉၀ နဲ့ ၉၁ မှာ ဘာတွေရေးထားသလဲ ဖတ်ကြည့်ကြပါ (ထုတ်လို့ရေးရပါမယ်)။

အဲတာက အွန်လိုင်းကတင်ထားတာဖြစ်ပါမယ်။

မြန်မာ့စွယ်စုံကျမ်းစာအုပ်၊ အတွဲ ၁၁ (ယူး - လာ) ထဲမှာ (ရို) အောက်မှာ အကြောင်းအရာ ၃ ခုတည်းသာပါတယ်။

၁။ ရိုဆက်တီ ဒန်တီ ဂေဘရီယယ်
၂။ ရိုဇက်တာ ကျောက်စာ
၃။ ရိုဒီးဇီးယားနယ်

တခြား ရိုစာလုံးပါအကြောင်းအရေတွေ မပါရှိခဲ့ပါ။ အွန်လိုင်းကော်ပီတွေကို သတိထားရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး