Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးသူများအတွက် ကာကွယ်ဆေးများ

အသက်၂၇ နှစ်။ အမျိုးသမီး။ နောက်နှစ်ထဲအိမ်ထောင်ပြုမှာပါဆရာ။ ပတ်ဝန်ကျင်ကလူတွေပြောအရအိမ်ထောင်မပြုခင် ကာကွယ်ဆေးထိုးထားသင့်တယ်ဆိုပြီး သိထားပါတယ်ရှင့်။ ၂၆ နှစ်ကျော်ရင် သူများတိုင်းပြည်တွေမှာမထိုးပါဆိုပြီး ဆရာ ပြောလို့သိရပါတယ်။ ယခုထိုးသင့်မထိုးသင့်ကို မေးချင်ပါတယ်ရှင့်။ ဘာ့ကြောင့်ဆိုတာကိုလည်း ဖြေကြား ပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

မြန်မာပြည်မှာတော့ ကျန်းမာရေးဌာနတွေကနေ ထုတ်ပြန်ထားတာ ရှိ-မရှိ မသိပါ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် ကာကွယ်ဆေးထိုးဌာန လမ်းညွှန်ကို ကိုးကားရေးပါမယ်။

Immunizations in the Preconception Period ကိုယ်ဝန်မဆောင်မီထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊

ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis A အသည်းရောင်အေ ကာကွယ်ဆေး၊
• Hepatitis B အသည်းရောင်ဘီကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး (၂၆ နှစ်အထိ)၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Meningococcal မနင်ဂိုကော်ကယ် ကာကွယ်ဆေး၊
• Pneumococcal နူမိုကော်ကယ် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊

Immunizations in the Prenatal Period ကိုယ်ဝန်ဆောင်စဉ်ထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး ကာကွယ်ဆေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊

ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis B အသည်းရောင်ဘီ ကာကွယ်ဆေး၊

Live virus vaccines should not be given during pregnancy ကိုယ်ဝန်ဆောင်စဉ်မှာ မထိုးသင့်သည့် ကာကွယ်ဆေးများ
• LAIV တုပ်ကွေးနှာခေါင်ထဲထည့် ကာကွယ်ဆေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Zoster (shingles) ဇိုစတာ (ရှင်ရဲလ်) ကာကွယ်ဆေး၊

Immunizations in the Postpartum Period ကလေးမွေးပြီး ထိုးသင့်သည့် ကာကွယ်ဆေးများ (ကူးစက်နိုင်ခြေရှိသူများသာ)
• Influenza တုပ်ကွေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာကာကွယ်ဆေး (၂၆ နှစ်အထိ)၊

Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေးကို အသက် ၉-၁ဝ နှစ်ကနေ ၂၆ နှစ်အထိ အမျိုးသမီးတွေကိုသာ ထိုးစေတယ်။ ဒိထက်အသက်ကြီးသူတွေမှာ တနည်းနည်းနဲ့ ကြွက်နို့ဗိုင်းရပ်စ်နဲ့ တွေ့ခဲံပြီးပြီဆိုတာ လေ့လာမှုတွေက ပြဆိုနေလို့ဖြစ်တယ်။ ထိုးလည်း မထူးပါ။

ဖတ်နိုင်တဲ့စာတွေ-
- Blood group matching before marriage လက်မထပ်ခင် သွေးအုပ်စုစစ်ဘို့ အရေးကြီးသလား http://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html
- Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးသူများအတွက် ကာကွယ်ဆေးများ http://doctortintswe.blogspot.com/2017/02/immunizations-before-marriage.html
- Marriage Advice သီတင်းမကျွတ်ခင် ဖတ်စေချင် http://doctortintswe.blogspot.com/2014/11/marriage-advice-1.html
- Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင် http://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး