Thursday, September 28, 2017

တောဒဟပ်ပန်း

သတ်ပုံပြင်အဖွဲ့ကြီး အဓွန့်ရှည်ပါစေ

ကိုယ်တတ်လို့ ကိုယ့်စာကို ကိုယ့်သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။ အထင်ကရစာတွေကို ၁၉၈၀ နောက်ပိုင်းမှာ သတ်ပုံပြင်ခိုင်းတယ်။ သတ်ပုံပြင်ပြီး စာအုပ်ထုတ်ရောင်းစားကြတယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ဒဟပ်ပန်းကဗျာကို နမူနာပေးပါရစေ။

ယဉ်မရိုင်း၊ အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။

လူမရောက်၊ ကူကျောက်ချောင် တောင်ကတုံးမှာ၊ စုရုံးကာ သူတို့ပေါက်ရှာကြ၊ အညှောက်ကြူကြူ မွှေးရှာဘူ့၊ အခေါက်ဖြူဖြူကလေးရယ်နှင့်၊ ကျေးငှက်ပျော်စံ။

ဇလပ်ဝါ ခတ္တာခပါတဲ့၊ သာတန်ဆောင် ဝါခေါင်လတွင်မှ၊ ပွင့်ဖူးကြချိန်အမှန်၊ ဝသန္တလေချိုဖျန်း။

ယဉ်မဆုံးနိုင်ဘူ့၊ ပင်လုံးကုန် ခိုင်ညှာတံမတော့၊ နံ့သာကျံ ဝါဖန်နှောပါလို့၊ ယဉ်တမူ မြင်သူမောလောက်ကဲ့၊ လောကဓာတ်ခန်းမှာလှ၊ ပြောစမှတ်ဆန်းပေရဲ့၊ တောဒဟပ်ပန်း။

အခုတော့ ယဉ်တစ်မူတဲ့။ ကဗျာပြင်အဖွဲ့ကြီး အဓွန့်ရှည်ပါစေ။ ကျောင်းသုံးစာအုပ်တွေမှာလည်း သတ်ပုံပြင်ထားတယ်။ သတ်ပုံပြင် မြန်မာစာပါမောက္ခကြီးတွေ ရာထူးမြဲကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...