One day political prisoner တရက်တိတိ အဖမ်းခံရဘူးခြင်း

၁၉၆၇ တရုပ်-ဗမာ အရေးအခင်းဖြစ်တော့ ကျွန်တော် ဆေးမန်းရောက်တာ ၂ နှစ်ရှိသေးတယ်။ အဖမ်းခံရပါရော။ အဲတာ ဇာတိ ပုလဲမြို့နယ်၊ မင်းရွာမှာ သတင်းဖြစ်တာက ကိုချို့သားလေး မန္တလေးမှာ တရုပ်နဲ့မှားပြီး အဖမ်းခံရသတဲ့။

ကျွန်တော့နိုင်ငံရေးနောက်ခံဆိုလို့ အဲတာပဲရှိတယ်။ နိုင်ကျဉ်းစာရင်းထဲတော့ မပါဘူးပေါ့။ နန်းတွင်းထောင်ထဲ နေ့ခင်းမှာ နေရတယ်။ ပဲဟင်းတနပ်နဲ့ အမဲသားဟင်းတနပ်ကို ယင်ကောင်တွေနဲ့ လုစားခဲ့ရတယ်။ ညမှာတော့ မန္တလေးတောင်ခြေက စစ်တပ်ထဲမှာ ခြင်တောင်နဲ့အိပ်ကြရတယ်။ ဆေးကျောင်းကသူငယ်ချင်းတွေစုပြီး ရီစရာတွေ တညလုံးပြောကြတယ်။ အတူတူအဖမ်းခံရတာ ၆ ယောက် ၇ ယောက်ရှိမယ်။ နောက်နေ့ညနေမှာ ဆေးကျောင်းသားတွေကို အဆောင်မှူးဆီ တယောက်ချင်းပြန်ပို့ပြီးအပ်တယ်။ အဆောင်မှူးက ကျောင်းတွေပိတ်ပြီ အိမ်ပြန်တော့။ ခရီးစရိတ်ရှိလားတဲ့။ အားနာတတ်တော့ မတောင်းလိုက်မိဘူး။ ရထားလက်မှတ်တစောင်မှ ၃ ကျပ်၊ ပြား ၆ဝ။ တခါတည်း မုံရွာကို ရထားနဲ့တန်းပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅
၂၃-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး