Fish-paste doctor နိုင်ငံခြားပြန် ငပိဆရာဝန်

ကွန်မင့်တခု = ဒေါ်အောင်ဆန်းစုကြည် အခု US ခရီးစဉ်မှာ မြန်မာပြည်ပြန်လာလိုသူများအတွက် စည်းကမ်းချက် ဖြေလျော့မှုတွေ လုပ်မယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဆရာဝန်တွေ အချိန်ပိုင်းဖြစ်ဖြစ် ပြန်လာစေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က welcome လုပ်သွားပါတယ်။ ဒီသတင်းဖတ်ရတော့ ဆရာ့ကို အရင်ဆုံးပြေးမြင်မိပါတယ်။ ဆရာပြန်လာဖို့ အစီအစဉ်ရှိလား။

ဒေါ်စုပြောတာက နိုင်ငံခြားမှာ ဆေးပညာတွေသင်ထားသူတွေကို ဖြစ်ပါမယ်။ ကျွန်တော့်မှာက ပါလာတဲ့ပညာကိုသာ သူများဖြန့်ပေးနေရ၊ ကိုယ့်အတွက်က နိုင်ငံခြားပညာဆိုတာတိုးမလာ။ ကိုယ်လိုလူတွေက ပြည်တွင်းမှာ အများကြီးဗျာ။

ကွန်မင့်တခု = ပြည်ပရောက်ဆရာဝန်များပြန်လာကြပါတဲ့၊ ဆရာ့ကိုများတည့်တည့်ပြောနေသလားဘဲ။

အဲတာလည်း မဟုတ်ပါ။ ဖုတ်လေတဲ့ ငပိပါ။ ငါးပိဆရာဝန်လို့ခေါ်တာ မနာပါ။ ဖေ့စ်ဘွတ်ထဲမှာ ဖိသိပ်ထားတဲ့ ဆရာဝန်။ ပြည်တွင်းက တောတွေနယ်တွေမှာ ကျွန်တော့်အဆင့်လောက်နဲ့ တင်းတိမ်ကြရမဲ့သူတွေများတယ်။ ကံမကုန် ပြန်ဆုံမှာပေါ့။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၆
၁၈-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး