Marijuana addiction ဆေးခြောက်က စွဲသလား

မင်္ဂလာပါ ဆရာ။ ကျမ တနေရာက ဖတ်မိတာလေး ပို့လိုက်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာရှင်းပြပေးစေလိုပါတယ်။ အကယ်၍ တင်ပြီးသားရှိရင် ထပ်တင်ပေးပါဆရာ။ ကျမ ဖတ်ပြီး ပြန်ရှယ်ချင်လို့ပါ။ သူတို့ အပြောအရေးက ဆေးခြောက်က မစွဲဘူး ဘေးမဖြစ်ဘူးဆိုတော့ တခြားသူတွေ သုံးချင်ကြမှာ စိုးရိမ်မိပါတယ်။

ဆေးခြောက်သုံးသူတွေမှာ ဖြစ်လာတာကို Marijuana use disorder သုံးစွဲသူပုံမှန်မဖြစ်ခြင်း လို့ခေါ်တယ်။ ဆိုးလေလေ စွဲလေလေလို့ သုတေသနတွေကဆိုပါတယ်။ ဆေးခြောက်သုံးနေသူတွေထဲက ၃ဝ% မှာ သုံးစွဲသူမှာ ပုံမှန်မဖြစ်ခြင်း ရကြတယ်။ အသက် ၁၈ နှစ်မတိုင်မီ ဆေးခြောက်စသုံးသူတွေမှာ လူကြီးအရွယ်ကျမှသုံးသူတွေထက် ၄ ဆကနေ ၇ ဆအထိ အဲဒီရောဂါရကြတယ်။

Addiction ဆေးစွဲခြင်းမတိုင်မီမှာ Dependence ခေါ် ဆေးအပေါ်မှီတည်နေတဲ့အဆင့် ရောက်တယ်။ ဆေးမရရင် ရောဂါလက္ခဏာတွေခံစားရလို့ ဆေးပဲသုံးချင်နေတယ်။ ဦးနှောက်ကိုသက်ရောက်တာ ခံနေရပြီ။ ဆေးများလာတာကို ယဉ်ပါးလာပြီ။ သုံးစွဲသူ ပုံမှန်မဖြစ်ခြင်းကနေ ဆေးမသုံးရမနေနိုင်ဖြစ်လာတာကို စွဲတယ်လို့ခေါ်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေ ဖြစ်မယ်မှန်းသိလျှက်နဲ့ ဆေးသုံးချင်လာပြီ။

သုတေသနလုပ်ရာ နည်းနည်းခက်တယ်။ ထုတ်မပြောကြလို့။ လေ့လာလို့ရသလောက် ဆေးခြောက်သုံးစွဲသူ ၉% မှာ စွဲတယ်။ ငယ်သူတွေမှာ ၁၇% စွဲမယ်။

Marijuana potency ဆေးခြောက်ဘယ်လောက်ပြင်းသလဲရှိတယ်။ ရောင်းတမ်းတွေမှာ တိုးတိုးလာတယ်။ ၁၉၉ဝ နှစ်တွေမှာ ပျမ်းမျှ THC content ပါဝင်မှု 3.7% ရှိခဲ့တယ်။ ၂ဝ၁၄ မှာ 6.1% ဖြစ်လာတယ်။

ဆေးသုတေသနတွေလုပ်ပေမယ့် ဆေးခြောက်သုံးရင် ဘယ်လောက်ထိခိုက်စေသလဲ အစုံမသိကြရသေးပါ။ Cognitive impairments ခေါ် အတွေးအမြင်ပျက်စီစစေတာ သေချာသိရတယ်။ ပုံရိပ်စမ်းနည်းနဲ့လေ့လာတော့ ဦးနှောက်ကို သက်ရောက်တာ မတူတဲ့ရလဒ်တွေတွေ့ရတယ်။ Coronary Artery Risk Development ခေါ် နှလုံးသွေးကြော အန္တရာယ်လည်း တွေ့တယ်။ IQ points လည်း ၆ မှတ်ကနေ ၈ မှတ်အထိကျဆင်းတယ်။

Marijuana ဆေးခြောက် https://doctortintswe.blogspot.com/2016/05/marijuana.html
California nuns fight ban on marijuana businesses https://doctortintswe.blogspot.com/2016/02/california-nuns-fight-ban-on-marijuana.html

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၇
ဝန်း နှင့် ဝှမ်း

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး