Wednesday, September 27, 2017

Cut Both Ways ဖြတ်စရာတွေ

Uhladaw Hladaw Sayardaw ရင်ထဲကခံစားချက် ရုံးထွက်ဖို့နေရာရှာ၊ မသေချာတဲ့အနာဂတ်၊ ဘဝကိုပုံသေအပ်ပြီး၊ အာဏာရှင်အမြစ်မျိုး ရိုက်ချိုးဖို့ရည်ရွယ်ချက်၊ ခရီးထွက်ရင်းနဲ့ သစ္စာတရားစတင်ပေါ်ထွက်ရာဌာန၊ အတူတူ ဆုံတွေ့ခဲ့ကြတယ်။

သမီးတို့ ရန်ကုန်ပြန်ရောက်နေကြပြီ။ ဆရာတော်ဦးလှတောကျောင်းမှာ။ မြတ်ဗုဒ္ဓပွင့်တော်မူရာမှာ ရေစက်ဆုံခဲ့သူတွေ။

ဘုန်းဘုန်းရေးစပ်သလို အမြစ်ဖြတ်စရာတွေက မျက်မှောက်ဘဝမှာရော သံသရာပါ။ သံသရာမှာလည်ရကတည်းက အတိတ်ကံအရဖြစ်ကြရတာ။ မြန်မာပြည်မှာမွေးကြသူတိုင်းမှာ ပစ္စုပ္ပန်ဖြတ်စရာ တာဝန်ပါရှိကြတယ်။

ကိုယ့်ကံစီမံရာကို ကိုယ်တိုင်သာဖြတ်ကြရတယ်။ တိုင်းပြည်ကံကိုတော့ တိုင်းသူပြည်သားတွေက ဖြတ်ကြရတယ်။ ဖြတ်စရာတွေအကုန် ဖြတ်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...