ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ် သေချာလုပ်

ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ် သေချာလုပ်

၁။ တခုမေးချင်လို့ပါဆရာ။ သေချာ နဲ့ သေခြာ ဘာယ်ဟာအမှန်လဲ ခင်ဗျ။

၂။ မင်္ဂလာပါဆရာ သေချာ နဲ့ သေခြာ ဘယ်ဟာအမှန်လည်း ဖြေပေးပါလားခင်ဗျ

သေချာကအမှန်။ ကျွန်တော်လည်း ခဏခဏမှားတယ်။ ပဌမမေးခွန်းပါ တစ်ကိုတော့ ကျွန်တော့်ပို့စ်မှာသုံးတာဖြစ်လို့ ပြောင်းလိုက်ပါတယ်။ ဆောရီး။

သေ
လုပ်ကြံသေသပ်
အရက်သေစာ
သေကာတုတ်ချောက် (သေလျှင်ဧကန်မလွဲ)
သေခမ်းရှင်ခမ်း
သေချာ
သေချာဂန
သေတမ်းစာ
သေတုပ္ပလ (ကြောဖြူ ကြာပုဏ္ဍရိတ်)
သေန = သေနင်္က (စစ်၏အစိတ်အပိုင်း  စစ်ဆင်စစ်ခင်း)
သေနကအမတ်
သေနင်္ဂဗျူဟာ
သေနစ် (သေနက်)
သေနတ်
သေခြင်းဆိုး
သေရည် = သေစာ (မူးယစ်စေတတ်သောအရည်   ယစ်မျိုး)
သေရည်သေရက်
သေလုမြောပါး
သေလူဘနန်း
သေဝပ်
သေသတ်စွာ (ယခင်ထုတ်သတ်ပုံအရ)
သေကောင်းပေါင်းလဲ
သေကောင်ပေါင်းလဲ
သေကျေ
သေသေဝပ်ဝပ်
သေသေသတ်သတ် (ယခင်ထုတ်သတ်ပုံအရ)
သေသေသပ်သပ် (နောက်ထုတ်သတ်ပုံအရ)
သေသောက်ကြူး

ချာ
ရူးချာချာ
ကွန်ချာ
ကပေါက်တိ ကပေါက်ချာ
ချက်ချာ
ညံ့ဖျင်းနုံချာ
ချာတိတ်
ချာတူးလံ 
ချာလပတ်လည် 
ချူချာ
ဂဏန်းသင်္ချာ
စုတ်ချာ
တပ်အပ်သေချာ
ပတ်ချာလည်
ဖျင်းချာ
ဗရချာ
မာချာ
လုံးချာလိုက်
သည်းချာ
သွက်ချာပါဒရောဂါ
သွက်ချာလည်
အချက်အချာ
အူချာပေါက် 
စေ့စပ်သေချာ
ဆွေမျိုးရင်းချာ
ဒေါင်ချာစိုင်း
ဗွေချာ
ယောင်ချာချာ
ယောင်တိယောင်ချာ
သေချာဂန
နုံချာ

ခြာ
ချက်ချက်ခြာခြာ
တရက်ခြာ
မွဲခြာသည်
ရက်ခြာဖျား
အချုပ်အခြာ
အချုပ်အခြာ
ဒေါက်ခြာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး