Cooking Oils စားသုံးဆီများ


စားသုံးဆီတွေထဲမှာ အရောင်လှအောင်ထည့်တဲ့ ဓါတုဆေးတွေက ဘေးဖြစ်စေနိုင်တယ်။ စားသုံးဆီ ကောင်း-မကောင်း အနံ့အသက်နဲ့ အရောင်ကြည့်ပြီး ပြောမရပါ။ ဆီထဲမှာ စုစုပေါင်းအဆီ၊ ပြည့်ဝဆီဘယ်လောက်လဲနဲ့ ကလိုရီ ဘယ်လောက် ရစေသလဲဆိုတဲ့ အချက် (၃) ချက်ကို ကြည့်ရပါတယ်။

မြန်မာပြည်မှာ စားသုံးနေကြတဲ့ စားအုန်းဆီကနေ ပြည့်ဝဆီအများကြီးရစေတယ်။ ပြည့်ဝဆီနည်းတာက ကျန်းမာရေးအရ ကောင်းတယ်။ အုန်းသီးကနေထုတ်တဲ့ဆီက ၃ မျိုး ရှိတယ်။

ဆီအမျိုးအစား - (ကလိုရီ)၊ - အဆီ (စုစုပေါင်း)၊ - ပြည့်ဝဆီ၊ =  မှတ်ချက်
1. Coconut oil အုန်းသီးဆီ (ကလိုရီ) ၁၁၇၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၁၁့၈ = အများဆုံး၊
2. Palm kernel oil စားအုန်းဆီ (ကလိုရီ) ၁၁၆၊ အဆီ (စုစုပေါင်း) ၁၄၊ ပြည့်ဝဆီ ၁၁့ဝ = အများဆုံး၊
3. Palm oil စားအုန်းဆီ (ကလိုရီ) ၁၂ဝ၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၆့၇ = များတယ်။

မြန်မာနိုင်ငံမှာအသုံးများတဲ့ တခြားဆီတွေ
ကလိုရီ၊ - အဆီ (စုစုပေါင်း)၊ - ပြည့်ဝဆီ၊ =  မှတ်ချက်
1. Cottonseed oil ဝါစေ့ဆီ ၁၁၉၊ ၁၄၊ ၃့ဝ၊ = ပြည့်ဝဆီမနည်းပါ၊
2. Peanut oil မြေပဲဆီ ၁၁၉၊ ၁၃့၅၊ ၂့၃၊ = ပြည့်ဝဆီနည်းမပါ၊
3. Soybean oil ပဲပုပ်ဆီ ၁၂ဝ၊ ၁၃့၆၊ ၂့ဝ၊ = ပြည့်ဝဆီနည်းတယ်၊
4. Sesame oil နှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၉၊ = ပြည့်ဝဆီနည်းတယ်၊
5. Sunflower oil နေကြာဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၈၊ = ပြည့်ဝဆီနည်းတယ်၊
6. Flaxseed oil ပန်းနှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ = ပြည့်ဝဆီအနည်းဆုံး။

မြန်မာနိုင်ငံမှာအသုံးနည်းတဲ့ဆီတွေ
ကလိုရီ၊ - အဆီ (စုစုပေါင်း)၊ - ပြည့်ဝဆီ၊ =  မှတ်ချက်
1. Vegetable oil အသီးအနှံဆီ ၁၂၄၊ ၁၄၊ ဝ့၉၊ = ပြည့်ဝဆီအနည်းဆုံး၊
2. Almond oil မက်မွန်ဆီ ၁၁၉၊ ၁၄၊ ၁့ဝ၊ = ပြည့်ဝဆီအနည်းဆုံး၊
3. Grapeseed oil စပျစ်စေ့ဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ = ပြည့်ဝဆီအနည်းဆုံး၊
4. Hemp seed oil ဆေးခြောက်စေ့ဆီ ၁၂၆၊ ၁၄၊ ၁့၅၊ = ပြည့်ဝဆီနည်းတယ်၊
5. Walnut oil သစ်ကြားသီးဆီ ၁၂ဝ၊ ၁၄၊ ၁့၅၊ = ပြည့်ဝဆီနည်းတယ်၊
6. Avocado oil ထောပတ်သီးဆီ ၁၂၄၊ ၁၄၊ ၁့၆၊ = ပြည့်ဝဆီနည်းတယ်၊
7. Olive oil သံလွင်ဆီ ၁၁၉၊ ၁၃့၅၊ ၁့၉၊ = ပြည့်ဝဆီနည်းတယ်၊
8. Corn oil ပြောင်းဆီ ၁၂ဝ၊ ၁၄၊ ၂့ဝ၊ = ပြည့်ဝဆီနည်းတယ်၊
9. Smart Balance Margarine မာဂျရင်း ၈ဝ၊ ၉၊ ၂့၅၊ = ပြည့်ဝဆီမနည်းပါ၊
10. Butter ထောပတ် ၁ဝ၂၊ ၁၁့၅၊ ၇့၃၊ = ပြည့်ဝဆီအများဆုံး။

စားသုံးဆီထဲမှာ (ကိုလက်စထော) ဘယ်လောက်များသလဲက ကျန်းမာရေးအတွက် အလွန်အရေးကြီးတယ်။ များလေ မကောင်းလေ။ ယူနစ်အဖြစ် parts per million (ppm) နဲ့တွက်ပါတယ်။
1. Safflower ပန်းစေ့ဆီ = 7 ppm
2. Coconut အုန်းဆီ = 15 ppm
3. Palm စားအုန်းဆီ = 16 ppm
4. Palm kernel စားအုန်းဆီ = 25 ppm
5. Sunflower နေကြာဆီ = 26 ppm
6. Soybean ပဲပုပ်ဆီ = 26 ppm
7. Canola ပန်းနှမ်းဆီ = 53 ppm
8. Peanut မြေပဲဆီ = 54 ppm
9. Corn ပြောင်းဆီ = 57 ppm

• Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
• High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/2014/12/high-cholesterol-diet.html
• Cholesterol ကိုလက်စထော http://doctortintswe.blogspot.com/2014/11/cholesterol.html
• Cooking Oils စားသုံးဆီ http://doctortintswe.blogspot.com/2014/11/trans-fats.html
• Trans Fats အညာသားများဆီစားကြသည် http://doctortintswe.blogspot.com/2014/10/cooking-oils.html
• Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ http://doctortintswe.blogspot.com/2014/10/trans-fats.html
• Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး