ဆုံ ဆည်း စည်း စီး ဆီး

၁။ ဆုံဆည်း နဲ့ ဆုံစည်း ဘယ်ဟာ အမှန်လဲဆရာ။

၂။ ဆရာ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။

၃။ ဆရာရှင့် စီးစစ်တန်နှင့် စစ်တာ ကလေးမရှိဘူးပြနေတယ်။

၎။ ဆီးကပ်လား ဆည်းကပ်လားဆရာ။ မကွဲပြားလို့ပါရှင့်။

၅။ ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။

၆။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။ (သေး၊ ကျင်ငယ်ကို စီး လို့ မရေးရပါ။ ဆီး လို့သာရေးရတယ်။

၇။ နောက်ထပ်လွဲကြတာရှိသေးတယ်ဆရာ ပျက်စီး နဲ့ ဖျက်ဆီး

ဆုံ
ငရုတ်ဆုံ၊
ဆုံကျည်
ဆုံစည်း
ဆုံဆီ
ဆုံဆို့နာ
ဆုံလည်ကုလားထိုင်
ဆီဆုံ၊
တွေ့ဆုံ
မောင်းဆုံ

ဆည်း
ဆည်းကပ်
ဆည်းဆာအချိန်
ဆည်းပူး
ဆည်းလည်းသံ သာယာသည်။
ပညာဆည်းပူးပါ။
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။

စည်း
စည်းကမ်း
စည်းခုံစေတီ
စည်းချက်ဝါးချက်
စည်းစိမ်
စည်းတန်း
စည်းတိမ်သောင်တိမ်
စည်းထုပ်ဖန်
စည်းကြိုး
စည်းနဲ့ဝါး
စည်းပုံ
စည်းကြပ်
စည်းခြံ
စည်းမဲ့ကမ်းမဲ့
စည်းမျဉ်းထားပါ။
စည်းမျဉ်းဥပဒေ
စည်းရိုး
စည်းလုံး
စည်းလုံချည်
စည်းလွတ်ဝါးလွတ်
စည်းသား
စည်းသုတ်
စည်းစောင့်ပါ
စည်းဝေးပွဲ
စည်းနှောင်
တင်းတစည်း ဘယ်လောက်လဲ။
နယ်နိမိတ်စည်း
ပန်းတစည်း
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
ကြိုးနှင့် စည်းထားပါ။
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။
အခွန်စည်းကြပ်မည်။
အစည်းအဝေး စတော့မယ်။
ဥစ္စာပစ္စည်း ကုံလုံသည်။
ရွှေစည်းခုံစေတီတော်။

စီး
စီးစီးပိုးပိုး မပြောအပ်။
စီးပွားရေးကောင်းပါစေ၊
တရားဘာဝနာ စီးဖြန်းပါ။
ဘတ်စကား စီးသွားပါ။
လှည်းတစီး၊ ကားတစီး၊
အပျက်အစီး များတယ်။
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်။

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
ကလေးကို သင်္ကန်းဆီးပေးပါ။
ဆီးခုံက နာတယ်။
ဆီးချုပ်နေပါသလား။
ဆီးချိုရောဂါ စစ်ထားပါ။
ဆီးချူပေးမယ်။
ဆီးစပ်မှာ အလုံးရှိနေတယ်။
ဆီးတန့်ထားလို့ ဆက်သွားမရပါ။
ဆီးဖြူသီးစားမလား။
ဆီးဝမ်းလေ မှန်ပါသလား။
ဆီးသီးကောင်းကောင်းစားချင်တယ်။
ဆီးနှင်းတွေ ကျနေတယ်။
တားဆီးပိတ်ပင်ထားသည်။
လူဆိုးကို ဖမ်းဆီးပါ။
ဧည့်သည်ကို ဆီးကြိုပါ။

အရုဏ်ဆည်းဆာ၊ နေ့ချိန်ခါ၊ ညနေဆည်းဆာ၊ ညခင်းသာ၊ အချိန်ခါပိုင်းတော့ လေးပိုင်းပါ။
ဆည်းဆာချိန်မှာ မိဖတွေဟာ အိုနာလာ။ လုပ်ကြွေးပြုစုဘို့ရာ အချိန်ရသေးတာ သိပါ။
တိုင်းပြည်ကြီးဟာ အိုနာ၊ ပြုပြင်ရေးမှာ လုပ်ချိန်ရှိသေးတာလည်း သိပါ။
နေညိုတယ်ဆိုပေမဲ့ နေမဝင်သေးတာ သိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး