NC and Constitution အမျိုးသားညီလာခံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ သမိုင်းအကျဉ်း

၁၉၈၈ မတ်လကစပြီး ဆန္ဒပြမှုတွေဖြစ်။ ၁၈-၉-၁၉၈၈ နေ့ နဝတ အမည်နဲ့ စစ်တပ်ကအာဏာသိမ်း။ ပါတီစုံ ရွေးကောက်ပွဲကျင်ပပေးမည်ကြောညာ။

၂၇-၅-၁၉၉၀ ရွေးကောက်ပွဲကျင်းပ။ NLD ပါတီက ၄၈၅ နေရာမှာ ၃၉၂ + ၃ နေရာအနိုင်ရ။

၂၇-၇-၁၉၉ဝ မှာ နဝတ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ခံရတဲ့အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ကြောညာ။

၂၈-၇-၁၉၉၀ နေ့ NLD က ၃ လအတွင်းလွှတ်တော်ခေါ်ပေးဘို့ တောင်းဆို။

၂၄-၄-၁၉၉၂ စစ်အစိုးရ နဝတ ကနေ အမျိုးသားညီလာခံကျင်းပပြီး ဖွဲ့စည်းပုံသစ်ရေးဆွဲမယ်လို့ကြေညာ။

၁၀-၇-၁၉၉၂ ကိုယ်စားလှယ်အမည်စာရင်းကြေညာ။ ၇၀၂ ယောက်။

၁၆-၉-၁၉၉၂ အခြေခံမူ ၁၀၄ ချက်ထုတ်ပြန်။

၂-၁၀-၁၉၉၂ ဦးတည်ချက် ၆ ရပ်ထုတ်ပြန်။

၉-၁-၁၉၉၃ အမျိုးသားညီလာခံ စတင်ကျင်းပ။ စုစုပေါင်း ၇၀၂ ယောက်မှာ လွှတ်တော်ကိုယ်စားလှယ် ၉၉ ယောက်သာ တက်ရ။ ၁၅့၂၄% သာဖြစ်။

၇-၄-၁၉၉၃ အမျိုးသားညီလာခံ ရပ်ဆိုင်းလိုက်ရ။

၇-၆-၁၉၉၃ ပြန်စ။

၁၅-၉-၁၉၉၃ ကြံ့ခိုင်ရေးအဖွဲ့ ဖွဲ့စည်း။

၁၆-၉-၁၉၉၃ အခြေခံမူ ၁၀၄ ချက်ချ။ ရပ်ဆိုင်းလိုက်ရပြန်။

၂-၉-၁၉၉၄ ပြန်စပြန်။

၂၈-၁၁-၁၉၉၅ NLD ၈၆ ဦးမှ ဖွဲ့စည်းပုံ ပြန်လည်စဉ်းစားရန်တောင်းဆို။

၂၉-၁၁-၁၉၉၅ NLD ပါတီမှတက်ရောက်သူများအား ထုတ်ပယ်လိုက်။

၃၁-၃-၁၉၉၆ ပြန်စ။ NLD မပါတော့။

၇-၆-၁၉၉၆ ဖွဲ့စည်းပုံ ဆန့်ကျင်သူများအားအရေးယူရန် ၅/၉၆ ထုတ်ပြန်။

၁၈-၁၁-၁၉၉၇ နဝတ မှ နအဖ အမည်ပြောင်း။

၁၆-၉-၁၉၉၈ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်း။

၃၀-၅-၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်။

၃၀-၈-၂၀၀၃ လမ်းပြမြေပုံ ၇ ချက်ထုတ်ပြန်။

၁၇-၂-၂၀၀၅ မှ ၃၁-၃-၂၀၀၅ အထိ ပြန်ကျင်းပ။ ကိုယ်စားလှယ် ၁၀၇၅ ယောက်တက်ရောက်။

၁၈-၇-၂၀၀၇ နောက်ဆုံးအစည်းအဝေးကျင်းပ။ နောက်ဆုံးညောင်နှစ်ပင်ညီလာခံမှာ လွှတ်တော်ကိုယ်စားလှယ် ၁့၃၈% ပါရှိ။

၉-၂-၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၀၈ မေလထဲမှာ ဆန္ဒခံယူပွဲလုပ်မည်ဟု ကြေညာ။

၁၉-၂-၂၀၀၈ ဖွဲ့စည်းပုံ ရေးပြီးဟုကြေညာ။

၂-၄-၂၀၀၈ NLD မှ ဆန္ဒခံယူပွဲ No ဟု ကြေညာ။

၉-၄-၂၀၀၈ ဆန္ဒခံယူပွဲကျင်းပရေးကော်မတီဖွဲ့။ မေ ၁၀ မှာ ကျင်းပမည်။

၂-၅-၂၀၀၁၈ နာဂစ်ဆိုင်ကလုံး တိုက်ခတ်။ လူပေါင်း ၁၃,၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့။

၁၀-၅-၂၀၀၈ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ 24,764,124 (၉၃့၈၂%) ဟုကြေညာ။

၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ တောင်ငူမဲဆန္ဒနယ်မြေတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။ နောက်မှာ ပြန်ပြင်ဆင်။

၂၇-၃-၂ဝ၁၄ နေ့က တပ်မတော်နေ့ မိန်းခွန်းမှာ ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်လို့ပြောကြား။

၇-၇-၂၀၁၉ နေ့ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ စတင်ကြိုးပမ်းနေ။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး