ပါပီ ကူးစက်ရောဂါ

၂၅နစ်ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျ ထားလို့ သားအိမ်ထဲပစ္စည်းထည့်ထား ပါတယ်ဆရာ 2နစ်ကျော် ပါပီထည့်ထားတာ ရာသီကပုံမှန်လာပ်တယ် ဒီလမှာ ၂၀ရက်ကျော်မှ ထပ်လာပီး သွေးညစ်ညစ် တွေဆင်းလို့ပါ

ဘာကြောင့်လဲ မသိသေး။ ပါပီဆိုတာ ခွေးကလေး။

ဘာပြောတာလဲရှင့်

2နစ်ကျော် ပါပီထည့်ထားတာ ပစ္စည်းပါဆရာ သားအိမ်ထဲထည့် ထားတာပြောတာပါ

သိတော့ သိတယ်။ သတ်ပုံမှားတော့ ခွေးကလေးလား စဉ်းစားရသေးတယ်။ ဟိုတလောက ခွေးကိုက်မေးခွန်းတွေလည်း များခဲ့တယ်။ ပါပြီကို ပါပီလို့ရေး မေးသူ တနေ့ ၁၀ ယောက်လောက်ရှိတယ်။ တကယ့်ကို ကူးစက်ရောဂါ။ ကာကွယ်ဆေးမရှိပါ။

ဟုတ်ကဲ့ တောင်းပန်ပါတယ်ဆရာ

ပါပီရောဂါ ကူးစက်နေတာ အများကြီးက မှားရေးနေကြတယ်။

ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html

တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html

ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html

ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html

မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး