Stena Impero အီရန်နှင့် ဗြိတိန် တင်းမာနေ

ဗြိတိန်အလံတင် ရေနံတင်သဘောင်္ာ Stena Impero စတန်နာအင်ပီရိုကို အီရန်က သိမ်းယူလိုက်ပါတယ်။ Hormuz ရေလက်ကြားထဲမှာဖြစ်တယ်။ Iranian Revolutionary Guard အီရန်တပ်ဖွဲ့က ရဟတ်ယာဉ်ပေါ်ကနေ ကြိုးတွေနဲ့ ဆင်းလာပြီး စီးနင်းခဲ့တာ။

နှစ်ဘက်လုံး ပြောတာတွေက တမျိုးစီ။ ဒိအရင် ဂျီဘရော်လ်တာရေလက်ကြားထဲက အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်ကသိမ်းယူခဲ့တယ်။ စတန်နာအင်ပီရို ပိုင်ရှင်က ဆွီဒင်က။ သင်္ဘောသားတွေက ရုရှား၊ အိန္ဒိယ၊ လတ်ဗီးယားနဲ့ ဖိလစ်ပိုင်က စုစုပေါင်း ၂၃ ယောက်။

ဗြိတိန်က Royal Navy frigate စစ်သင်္ဘောကို တပ်လှန့်ထားတယ်။ ရင်ဆိုင်မှု ကယ်တင်မှု မလုပ်သေး။ အခုတကြိမ် သူနဲ့ဝေးတဲ့ အီရန် နိုင်ငံတကာရေပိုင်နက်ထဲမှာ။

ဒိအရင် ဗြိတိသျှပိုင် လိုက်ဘေးရီးယားအလံတင် MV Mesdar ရေနံတင်သင်္ဘောကိုလည်း အီရန်က သိမ်းယူပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဂျီဘရော်လ်တာထဲမှာပဲ အီရန်ပိုင် Grace 1 သင်္ဘောကို ဗြိတိသျှ Royal Marines ကနေ သိမ်းခဲ့တာကနေစတယ်။ သင်္ဘောထဲမှာ အီးယူက ဆန်ရှင်ချမှတ်ထားတဲ့ ဆီးရီးယားရေနံအတွက် ရေနံတွေတင်လာလို့ဖြစ်တယ်။

လတ်တလောအခြေအနေမှာ အီရန်နဲ့ ယူအက်အေ၊ ဗြိတိန်တို့နဲ့ ဆက်ဆံရေးဆိုးနေတယ်။ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပိုပြီးတင်းကြပ်တဲ့ ဆန်ရှင်ချထားတယ်။ နယူကလီယာအရေး။ အဲတာကတော့ ၂၀၁၅ နယူကလီယာ သဘောတူညီချက် ကနေ ထရမ့်က ထွက်ပြီးမှလုပ်တာ။ ဗြိတိန်ကတော့ ၂၀၁၅ သဘောတူညီချက်ကို ဆုပ်ကိုင်ထားတယ်။ ထရမ့်ကြောင့် အီရန် နောက်နည်းနည်း ဆုတ်ထားလိုက်ပုံရတယ်။

အီရန်က ဗြိတိန်ရေနံတင်သဘောင်္ာသိမ်းယူတာကို ၂၈ နိုင်ငံပါတဲ့ အီးယူ၊ ယူအက်စ် နဲ့ ဂျာမဏီတို့ ပြစ်တင်ထားတယ်။ ပြင်သစ်ကလည်း ဗြိတိန်သဘောင်္ာကို ပြန်လွှတ်ဖို့ ပြောလိုက်တယ်။

သောကြာနေ့က အီရန်ဒရုမ်းတခုကို ယူအက်စ်က ဖျက်ဆီးလိုက်တယ်။ ပင်တာဂွန်ကနေ ဆောဒီအာရေးဗီးယားမှာ အမေရိကန်တပ်ဖွဲ့တွေ ချထားပါတော့တယ်။ အီရန်နဲ့ ဆော်ဒီက မတည့်ကြပါ။ အခြေအနေတွေက တင်းမာနေဆဲ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး