ကျွန်တော် အတော်ညံ့၏

စာမေးပွဲတွေ ဖြေဖြေသမျှ ဂုဏ်ထူးမရခဲ့။
ဒီအက်စ်အေ သွားဖြေတာ မပါ။
ရွေးကောက်ပွဲမှာ နိုင်ပေမဲ့ ရှုံးတယ်။
ပြည်ပထွက်ရတာ ၂ နှစ်လောက်ပါလို့ တွက်ခဲ့တယ်။
ပြည်ပမှာ ကျောဒဏ်ရာရမှ ဇာတိသိလာရတာ အနည်းဆုံးသုံးလေးယောက်။

ဂုဏ်ထူးမရပေမဲ့ ဆရာဝန်တော့ဖြစ်တယ်။
ဒီအက်စ်အေမရခဲ့တာ ကံကောင်းမှန်း မကြာခင်သိလာတယ်။
ရွေးကောက်ပွဲရလဒ် နှစ်အစိတ်ကြာတော့ အသက်ဝင်လာတယ်။
ဓါးပြီးတာမဟုတ်ပေမဲ့ အသက်မသေခဲ့။
၂၈ နှစ်ကြာတော့ ပြည်တွင်းပြန်ဝင်နိုင်ပြီ။

ကျွန်တော်သည်ကား ဓါးကိုမမြင်၊ လှံထမ်းလာတာသာမြင်သောသူဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၈
၂၃-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ