Calcium အမျိုးသမီး နဲ့ ကယ်လ်စီယမ်

ဆရာ ကျမအသက် 47 ပါဆရာ ညဆို ခါးကညောင်းပီ အိပ်ယာထဆို တကိုယ်လုံးလေး မထနဲထနေရတယ် သူငယ်ကပြောတာ ကျီးပေါင်းဖြစ်တာတဲ့ ဟုတ်လားမသိဘူးဆရာ မနက်ဖြန်ကျ ကျမခါးကို ဓာတ်မှန်သွားရိုက်ကြည့်ရင် ကောင်းမလား ဆရာ

ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ သွေးတိုး မသိ။ ဆီးချို မသိ။ အသက် ၄၀ ကျော်အမျိုးသမီးတွေ ကယ်လ်စီယမ်လည်း တနေ့ တလုံးသောက်သင့်။ ရောဂါကို စစ်ဆေးမှသာ သိနိုင်။

ရာသီကခုဆို ၂လတခါ လာပါတယ်ဆရာ အိမ်ထောင်ရှိပါတယ်ဆရာ ကျေးဇူးဘာဆရာ သွေးတိုးတွေ ဆီးချိုတွေ စစ်ပီးဘီ မရှိဘူးဆရာ

ညောင်းပြီးလို့ ရေးရတယ်။ ကျေးဇူးပါလို့ ရေးရတယ်။ စစ်ပြီးပြီလို့ ရေးရတယ်။ ဘီဆိုတာနဲ့ ဆရာဝန်က ဘီပိုးလား အရင်စဉ်းစားရတယ်။

အမျိုးသမီး နဲ့ ကယ်လ်စီယမ်
တနေ့မှာ 1000 mg လိုတယ်။ အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 - 1,500 mg သောက်ပါ။ နို့တိုက်မိခင်တွေ 1,000 mg - 1,300 mg သောက်ပါ။ စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။

ကယ်လ်စီယမ်စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။

နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ် ဖြည့်စွက်ပေးထားတဲ့ အစားအသောက်တွေမှာ ကယ်လ်စီယမ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး