လက်


ဆရာဦးဝင်းတင်က ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်သိမ်းလို့ သုခုမပညာကို ဖွဲ့ဆိုပါတယ်။

ဖေ့စ်ဘွတ်ခေတ်မှာ ပရိုဖိုင်းပုံနဲ့ တင်တဲ့ပုံတွေကိုကြည့်ပြီး လူတယောက်ကို အကဲဖြတ်လေ့ရှိကြတယ်။

အရင်ခေတ်ကတော့ ဥပဓိရုပ်၊ ပြောသံဆိုဟန်ကို ကြည့်ကြတယ်။ ဝတ်တာစားတာလည်း ပါတယ်။ မျိုးရိုးလည်း ကြည့်တယ်။ ပါးစပ်ဟတာနဲ့ အူဘယ်နှစ်ခွေရှိတာသိတယ်လို့ ပြောလေ့ရှိတယ်။ ကျွန်တော်က လက်ကိုပါ ကြည့်တယ်။

သူငယ်ချင်းတယောက်က ပုလွေမှာ အထူးလေ့လာထားတဲ့သူ။ သူကလည်း ဆရာဝန်ပဲ။ သူတီထွင်ထားတဲ့ပုလွေကို ကိုင်ထားတဲ့လက် အနေအထားမျိုး ကျွန်တော် မကိုင်တတ်ပါ။ သူကတော့ သူ့ကရိယာကို ကိုင်တဲ့လက်ကြည့်ပြီး ပညာကို အကဲဖြတ်နိုင်လောက်တယ်။

ကျွန်တော်က နှစ်တွေအများကြီးအတွင်းမှာ လူနာတွေအများကြီးကို ခွဲစိတ်ကုသပေးခဲ့တဲ့ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ ခွဲစိတ်ဒါးနဲ့ ခွဲခန်းသုံးညှပ် ကပ်ကြေးကိုင်တဲ့လက်ကိုကြည့်ပြီး ခွဲစိတ်ပညာသက်ကို အကဲခတ်တတ်တယ်။

တနှစ်က ခွဲစိတ်ပညာကို သင်ယူလိုတယ်လို့ မေးတယ်။ ခွဲစိတ်ခန်းထဲမှာ အသုံးပြုရတဲ့ လက်အနေအထားကို စာနဲ့ ရေးပြရတာ ခက်တယ်။ ခွဲစိတ်ဆရာဝန်လက်ဆိုတာ လေးဒီးစ်ဟင်း ခေါ်တဲ့ ကိုင်တွယ်လုပ်ကိုင်ရာမှာ ညင်သာတဲ့ အမျိုးသမီးများလက်လို ဖြစ်ရတယ်။ အဲတာက အရည်အချင်းတမျိုး။ ခွဲစိတ်ခန်းသုံးလက်အနေအထားကို လက်နဲ့ပြမှသာ ပြည်စုံမယ်။ ခက်တာတော့ မဟုတ်ပါ။ ကျွမ်းကျင်ရာ လိမ္မာ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ