ပိုက်ဆံသတ်ပုံ
ပုံတွေနဲ့အတူ မေးတာတခုရတယ်။ ဒီပိုက်ဆံတွေက ဘယ်ခေတ်က သုံးစွဲခဲ့ကြတာလဲဆိုတာလေး သိချင်လို့ပါ တဲ့။
ပိုက်ဆံပေါ်မှာ ရိုက်နှိပ်ထားတဲ့စာတွေအရ အင်္ဂလိပ်ကိုလိုနီခေတ်က ဖြစ်ပါမယ်။ ၁၉၃၇ ခုနှစ်မတိုင်ခင်ကဖြစ်နိုင်တယ်။ မြန်မာနိုင်ငံဟာ ၁၉၂၄ ကနေ ၁၉၄၈ အထိ အင်္ဂလိပ်လက်အောက်မှာနေခဲ့ရတယ်။ ၁၉၃၇ ခုနှစ်မှာ အိန္ဒိယနဲ့ မြန်မာပြည်ကို ခွဲခြားလိုက်တယ်။ ငွေစက္ကူပေါ်မှာ အင်္ဂလိပ်စာအပြင် အိန္ဒိယမှာ အများဆုံးသုံးတဲ့ ဟင်ဒီဘာသာနဲ့ တောင်ပိုင်းအိန္ဒိယ စာလုံးတွေပါ ရိုက်နှိပ်ထားတယ်။

မြန်မာစာဟာ စစ်တပ်အပေါ်မူတည်တယ်။ ရှေးဟောင်းကျောက်စာတွေအပါ် မူမတည်။ ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးရပြီးအစိုးရခေတ်အထိ မြန်မာစာ မှန်ခဲ့သေးတယ်။
အိန္ဒိယဘုရင်ခံလက်အောက်သာဖြစ်လို့ ရူးပီးလို့သုံးခဲ့တယ်။ ကျပ်က သီးခြားနိုင်ငံဖြစ်မှသုံးတယ်။ လွတ်လပ်ရေးရကာစမှာ ၁ ရူးပီးဟာ မြန်မာငွေ ၆၅ ပြားနဲ့ညီတယ်။ ကနေ့ ၁ ရူးပီးနဲ့ ၂၁့၉၃ နဲ့ညီတယ်။
ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၉
Comments
Post a Comment