ဒုတိယရွာက ရွာသားတွေ

ကိုယ်မွေးတဲ့အရပ်မှာ မနေရသူတွေ များများလာတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ခလစာနည်းလို့ အပြင်ထွက် အလုပ်ကြရသူတွေ ၃ သန်း လား၊ လေးသန်းလားရှိမယ်။

ခုခေတ်ကျမှပါ။ကျွန်တော်တို့ခေတ်က တမျိုး။ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားရေး တခုတည်းအတွက် ပြည်ပထွက်ကြတယ်။ ကျွန်တော်တို့အရင် တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်စပ်တွေမှာသာနေနိုင်ကြတယ်။

ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဒီမိုကရေစီလှုပ်ရှားမှုထဲကလူတွေအတွက် ဒုတိယနိုင်ငံတွေဖြစ်တယ်။ ဖွဲ့စည်းပုံသစ် ဖြစ်ကာနီးကတည်းက အိန္ဒိယမှာ အတူတူနေထိုင် လုပ်ကိုင်ခဲ့သူတွေ တသုတ်ပြီးတသုတ် ယူအက်စ်အေ၊ သြစတြေးလျ၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကို ရောက်ကြပါတယ်။ တတိယနိုင်ငံလို့ခေါ်တယ်။

ကျွန်တော်ကတော့ ၂၄ နှစ်ကြာ အိန္ဒိယမှာနေခဲ့ရတယ်။ ပြည်တွင်းမှာ အင်နယ်လ်ဒီက ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲ ဝင်မှပဲ ယူအင်စိတ်ခ်ျစီအာရ်က ပို့မဲ့ဆီ သွားပါမယ်လုပ်လို့ ၂၀၁၄ ခုနှစ် မကုန်ခင် အခုနေတဲ့ တတိယနိုင်ငံကို ရောက်ပါတယ်။ စောစောက ပို့မှာကိုသဘောတူခဲ့ရင် ၃ နှစ်လောက် စောရောက်မှာ။

ကနေ့ သြစတြေးလျရောက်သွားသူတယောက် ဒီကိုလာလည်တယ်။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတယ်။ အိန္ဒိယမှာနေကြတာက ရွာလေးတရွာမှာနေကြရသလိုပဲ။ တအိမ်နဲ့တအိမ် မဝေးလှ။ နိုင်ငံရေးသာမက သာရေးနာရေး တရွာတည်းသားတွေအတိုင်းပဲ။ အော်စီလို့ခေါ်တဲ့ တတိယတိုင်းပြည်မှာလည်း ရွာအစုလေးတွေမှာ နေကြသတဲ့။ သိသမျှ လူအကုန် အမည်တွေရွတ်ပြီး အပြန်အလှန် မေးကြပြောကြတယ်။ မရှိကြတော့တဲ့သူတွေအကြောင်းလည်း ပါတယ်။ ရှိတဲ့သူတွေရဲ့ အစွယ်အပွါးတွေအကြောင်းလည်းပါတယ်။

အခုတော့ သာရေးနာရေး ပညာရေးသာ။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ