ရီးစားဓါးပြ

ပုဆိန်ရိုးအောက်မှာ ကွန်မင့်တခုရတယ်။ သူခိုး ဓားရိုးကမ်း တဲ့။

ခုခေတ်မှာ ဓားလို့ရေးမှသာ ထိုးရခုတ်ရတယ်ထင်ကြသူကများတယ်။ ဓါးဆိုရင် သုံးမရသလိုလို။ ဒါးရေးတာ မှားသလိုလို ထင်နေတြယ်။

ကျွန်နော်ကတော့ ခွဲစိတ်ဒါးနဲ့ ဓါးပြကို ခွဲမှတ်ထားတယ်။ မနှစ်က အလည်ပြန်တော့ ပဲခူးရွှေမော်ဓေါဘုရား ဖူးခဲ့ပါတယ်။

သူခိုး ဓါးရိုးကမ်း (စူလဓနုဂ္ဂဟဇာတ်)

ဓါးကို ဒါးချင်း၊ လှံကို လှံချင်း (ဦးနေဝင်း)

ဒါး နဲ့ ဓါးက မူကွဲ။ ဓါး နဲ့ ဓားက တချောင်းတည်း။

ဓါးပြ နှင့် ဓားပြ ရွှေမော်ဓေါ နှင့် ရွှေမော်ဓော https://doctortintswe.blogspot.com/2019/06/blog-post_129.html

ခွဲစိတ်ဒါး နှင့် ကလောင်ဓား https://doctortintswe.blogspot.com/2017/08/blog-post_58.html

အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့ မလဲသူတွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်