SPA ဆီးစပ်သတ်ပုံ

၁။ သမီး အသက် ၃၂ ရှိပါပြီ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပြီး ကလေး မရနိုင် သေးပါ။ ဘယ်ဖက် ဆေးခုံနား တဝိုက်၊ ခါးကြား အောင့်ကိုက် နေလို့

ဆီးခုံလို့ ရေးရ။

၂။ ဆရာသမီးဘာဖြစ်တာလဲမသိဘူး သွေးတွေဆင်းပြီး ခါးတွေလဲနာတယ် စီးစက်တွေလဲကိုက်တယ် လူမနေနိုင့်တောဘူး အရမ်းကိုက်တာဆရာ ဘာဖြစ်တာလဲပြောပြပါလား ဆေးဆိုင်ကဆေးလဲမဆက်ပေးရဲဘူး သမီးကိုပြောပြပါလားဆရာ

ဆီးစပ်တွေလို့ ရေးရ။

၃။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မ အသက်က ၄၁နှစ်ပါ။ ရန်ကုန်ကပါ။ ၂၀၁၆ နှစ်စကစပြီး ခါးနာကာ ဆီးဆက်နားက ကိုက်ပါသည်။

ဆီးစပ်နားကလို့ ရေးရတယ်။

၎။ မင်္ဂလာပါဆရာ။ မိန်းကလေးပါ။ အသက်၂၀မပြည့်သေးပါဘူး။ ရာသီစလာထဲကစည်းစပ်ကိုက်ပါတယ်။

ဆီးစပ်လို့ ရေးရတယ်။

၅။ ကျွန်မအသက် ၃၄ နှစ်ပါရှင့်။ တတိယကိုယ်ဝန် ၃လရှိပါပြီ။ သွေးအပြစ် နည်းနည်းဆင်းနေပါတယ်။ ခါးမနာ စည်းဆပ်မကိုက်ပါ။

ဆီးစပ်လို့ ရေးရတယ်။

၆။ ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။

ကိုးကွယ်ဆည်းကပ်။

၇။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

ဆီးသွားရင်လို့ရေးရ။

၈။ ဆုံဆည်း နဲ့ ဆုံစည်း ဘယ်ဟာ အမှန်လဲဆရာ။

ဆုံစည်း။

၉။ ဆရာ ကျွန်မအသက်က ၂၈ပါ။ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။

ဆီးစပ်ခုံ။

၁၀။ ကန်တော့ပါဆရာ ယားလို့ ကုပ်မိတယ် ရမ်းစပ်တယ် သီးပေါက်လို့တောင်မရဖြစ်နေတယ်

သေးပေါက်။ ဆီးပေါက်။ ဆီးသွား။

၁၁။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီရှင်။ အခုလ ၂၅ ရက်နေ့မှာ ရာသီမလာတော့ပါဘူးရှင့်။ စီးစစ်တန်နှင့် စစ်တာကလေးမရှိဘူးပြနေတယ်။

ဆီးစစ်တံ။

၁၁။ ဆီးကပ်လား ဆည်းကပ်လားဆရာ။ မကွဲပြားလို့ပါရှင့်။

ဆည်းကပ်။

၁၅။ ဆီးသီးနဲ့ ဇီးသီး အတူတူပဲလားဆရာ

ဆီးသီး။

၁၆။ မန္တလေးမြို့ကပါဆရာ။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

ဆီးသွားရင်။

စီး
စီးစီးပိုးပိုး မပြောအပ်
စီးပွားရေးကောင်းပါစေ၊
တရားဘာဝနာ စီးဖြန်းပါ
ဘတ်စကားစီးသွားပါ
လှည်းတစီး၊
အပျက်အစီး များတယ်

စည်း
စည်းကမ်း
စည်းခုံစေတီ
စည်းချက်ဝါးချက်
စည်းစိမ်
စည်းတန်း
စည်းတိမ်သောင်တိမ်
စည်းထုပ်ဖန်
စည်းကြိုး
စည်းနဲ့ဝါး
စည်းပုံ
စည်းကြပ်
စည်းခြံ
စည်းမဲ့ကမ်းမဲ့
စည်းမျဉ်းထားပါ
စည်းမျဉ်းဥပဒေ
စည်းရိုး
စည်းလုံး
စည်းလုံချည်
စည်းလွတ်ဝါးလွတ်
စည်းသား
စည်းသုတ်
စည်းစောင့်ပါ
စည်းဝေးပွဲ
စည်းနှောင်
တင်းတစည်း ဘယ်လောက်လဲ
နယ်နိမိတ်စည်း
ပန်းတစည်း
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ
ကြိုးနှင့် စည်းထားပါ
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်
အခွန်စည်းကြပ်မည်
အစည်းအဝေး စတော့မယ်
ဥစ္စာပစ္စည်း ကုံလုံသည်
ရွှေစည်းခုံစေတီတော်

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ
ဆီးကုန်းမြို့
ဆီးခုံက နာတယ်
ဆီးချုပ်နေပါသလား
ဆီးချိုရောဂါ စစ်ထားပါ
ဆီးချူပေးမယ်
ဆီးစပ် (ဆီးစ)
ဆီးစပ်မှာ အလုံးရှိနေတယ်
ဆီးတန့်ထားလို့ ဆက်သွားမရပါ
ဆီးတားပိတ်ပင်
ဆီးပန်းနီဆရာတော်
ဆီးကြိုသည်
ဆီးဖြူသီးစားမလား
ဆီးဝမ်းလေ မှန်ပါသလား
ဆီးသီးကောင်းကောင်းစားချင်တယ်
ဆီးအောင့်
ဆီးနှင်းတွေ ကျနေတယ်
တားဆီး ပိတ်ပင်ထားသည်
တားဆီးကံမြစ်
ထုပ်ဆီးတိုးကစားခြင်း
ပုဆိုးဆီး
ဖမ်းဆီးချုပ်နှောင်
ဖျက်ဆီးပစ်သည်
လူဆိုးကို ဖမ်းဆီးပါ
ဧည့်သည်ကို ဆီးကြိုပါ

ဆည်း
ဆည်းကပ်
ဆည်းဆာအချိန်
ဆည်းပူး
ဆည်းလည်းသံ သာယာသည်
ပညာဆည်းပူးပါ
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး