စစ်ဗျူဟာသတ်ပုံ

နိုင်ငံရေးနဲ့ လူမှုရေးမှာ အပြောနဲ့အလုပ် မတူလို့ ပြောလေ့ရှိကြတယ်။ မှန်လည်း မှန်တယ်။

စာရေးဆရာတွေ ကဗျာဆရာတွေကတော့ တမျိုး။ အပြောနဲ့ အရေးမတူကြသူတွေများတယ်။ စကားပြောကောင်းကြပြီး စာချရေးတော့ သတ်ပုံတွေက ပေါ်လစီနောက်လိုက်ကြတယ်။ စာပေဟောပြောပွဲတွေကိုတော့ နားထောင်ချင်တယ်။ အဲလိုဆရာတွေရေးတာ တအုပ်မှ မဖတ်ချင်ပါ။ အပြောလည်းကောင်း အရေးပါမှန်တဲ့စာရေးဆရာ ကဗျာဆရာ နည်းနည်းသာရှိတယ်။

ရေးတော့ အမှန်၊ ဖတ်တော့ အသံဆိုတာ ခေါင်းကိုက်ကို ဂေါင်းကိုက်လို့ အသံထွက်တာမျိုးကိုသာ ခေါ်တယ်။

တနှစ်တခါ မူရင်းတွေတင်တာလည်း မရ။ အောင်ဆန်းဇာနည်ကဗျာကို စသတ်နဲ့ရေးကြတယ်။ သခင်ကိုယ်တော်မှိုင်း လေးချိုးထဲက တဗျူဟာ အောင်ခမန်းတွင်မှကို စသတ်နေကြတယ်။ စစ်ဗျူဟာသတ်ပုံလို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး