Weight data အမျိုးသမီး ကိုယ်အလေးချိန်

မင်္ဂလာပါ ဆရာ အသက် ၃၀ အမျိုးသမီး ရာသီမှန်။ အတူမနေ။ ပောင်ချိန် ၁၅၀။ ကျွန်မ ဘယ်ဘက်တခြမ်း ခြေထောက်၊ လက်၊ လက်ပြင်၊ နား၊ မျက်လုံး မကောင်းလို့ပါဆရာ။ နားဆိုရင်လည်း ဘယ်ဘက်နားက နာပြီး မျက်လုံးဆိုရင်လည်း ဘယ်ဘက် မျက်လုံးက ပါဝါ ပိုများပြီး မျက်သားတက်ပြီး ယားပါတယ်။ ဘယ်ဘက် လက်ပြင်က အောင့်ပြီး ဘယ် လက်တွေက လေးပါတယ်။ ဒူးနာ၊ခြေသလုံး ကြွက်သားတွေ အောင့်ပြီး ခြေဖဝါးတွေ ပူပါတယ်။ ခြေသလုံး ကြွက်သား နာတာက လေးပြီးတော့ တင်းနေတာပါ။ ဘယ်လိုကြီးလဲ မသိဘူး။ ညဘက် အိပ်ခါနီး ပိုဆိုပါတယ်။ ဆရာ ပိုစ့်တွေထဲ ရှာဖတ်ကြည့်ပါတယ်။ ဘယ်အကြောင်းအရာ ဖတ်ကမှန်း မသိလို့ ပါ။အလုပ်အတော့ ရုံးအလုပ်ပါ။ နှလုံးရောဂါလား။ လေဖြတ်ချင်တာလာ။ ကျောက်ကပ်လား။ နေတာက့ မှာဆိုတော့ အိမ်ပြန်မှ ဆေးစစ်လို့ အဆင်ပြေမယ်။ ဆရာ ရေးထားတဲ့ဆက်စပ်တဲ့ လင့်လေးများ ရှိရင် ပို့ပေးပါလားရှင်။ ကိုယ့်ဘာသာကိုယ်ဆိုတော့ ဘယ်အကြောင်းအရာမှန်း မသိလို့ပါ။

သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော စစ်ရမယ်။ ကိုယ်အလေးချိန် ထိန်းသင့်။

Weight data အမျိုးသမီး ကိုယ်အလေးချိန်
Asia အာရှ 57.7 (127 lbs) 24.2
Europe ဥရောပ 70.8 (156 lbs)
Africa အာဖရိက 60.7 (133 lbs)
Latin America တောင်အမေရိက 67.9 (149 lbs)
North America မြောက်အမေရိက 80.7 (177 lbs)
World ကမ္ဘာပျမ်းမျှ 62.0 (136 lbs)

Weight loss ပိန်ချင်သလား https://doctortintswe.blogspot.com/2014/11/weight-loss.html

Cholesterol ကိုလက်စထော https://doctortintswe.blogspot.com/2014/11/cholesterol.html

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး