ရေနွေးကြမ်း နှင့် ခရီးကြမ်း


ညတုန်းက ရေနွေးကြမ်း လက်ဖက်ခြောက်ခပ်နေရင်း လက်ဖက်ခြောက်ဗူးထဲ နည်းသွားတာ သတိထားမိတော့ ထပ်ဝယ်ရမလားမသိလို့ စဉ်းစားမိလိုက်သေးတယ်။ အထုပ်သစ်တွေ ရှိတော့ရှိပါသေးတယ်။

အခုမနက် လက်ဆောင် ရောက်လာတယ်။ ကျေးဇူး။

တခါတခါ တလိုက်ရင် ရလာတယ်။ မတပဲ ရလာတာမျိုးလည်း ရှိတတ်တယ်။ ဆေးကုရာမှာ ကြံကြံဖန်ဖန်လုပ်ပေးလို့ လူနာတွေ နေကောင်းသွားတာ၊ ကလေးမွေးပေးနိုင်တာမျိုးတွေ အတော်များများရှိခဲ့တယ်။

နှစ်ရှည်လများ ကြိုးစားပေမဲ့ မအောင်မြင်တာကတော့ နိုင်ငံရေးအလုပ်။ နိုင်ငံရေးသည် ဖန်၏။ ခါး၏။ ပူလောင်၏။ ခရီးကြမ်းတည်း။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်