ဆေးမရောင်း မျိုးစေ့မရောင်းပါ

အောင်မဲညို မျိုးစေ့ရှိသေးလားpls

ဆေးမရောင်း။ မျိုးစေ့မရောင်း။

အောင်မဲညိုကို မျိုးစေ့လို့ပြောလို့သာ။ လူအမည်လား မော်တော်အမည်ထား ထင်နေတာ။ ညို မှာ (ူ) မရှိ။

စောစောက အရပ်ဆေးနည်းတခုအကြောင်း ရေးတော့ နှစ်ယောက်က မေးတယ်။ တကယ်စွမ်းသလားတဲ့။ အဲဒါရောင်းတဲ့သူ ပိုက်ဆံရမယ်လို့ ဖြေလိုက်တယ်။

အရပ်ဆေးနည်း၊ လမ်းဘေးဆေးနည်း၊ ဖေ့စ်ဘွတ်ဆေးနည်းတွေကို ဖြေရတိုင်း အားနာရတယ်။ အမျိုးအမည်တွေ တတ်နိုင်သလောက် မထည့်ပါ။ ရောင်းတဲ့သူတွေ၊ ဆေးပွဲစားတွေ၊ ဆေးဝယ်သောက်သူတွေက ကိုယ့်နိုင်ငံသားတွေ။

မနေ့က ရုက္ခဗေဒမေဂျာကျောင်းသူတွေပုံတခု တွေ့တာ အသိတယောက်ပါတယ်။ ဆေးလို့ ပြောနေကြတဲ့ အမည်ဆန်းတဲ့ အရွက်တွေ၊ မကြာဖူးတဲ့အပွင့်တွေ၊ မမြင်ဖူးတဲ့ အသီးတွေ၊ ခြေထောက်နဲ့နင်းသွားရတဲ့ ပေါင်းမြက်တွေကို ဘာခေါ်သလဲ တွေ့ရင် မေးချင်တယ်လို့ ရေးလိုက်တယ်။

လူ့သဘောက တခါမှ မမြင်ဖူးတဲ့ သရဲ ကြောက်ကြတယ်။ မြင်နေရတဲ့ ကင်ဆာကို မကြောက်။ မမြင်ဖူးတာနဲ့ကုရင် ပျောက်မယ်ထင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး