Butcher of Beijing တရုပ်ပြည်က လီပင်း သေပြီ

VOA က သတင်ပေး မေးလို့ ဖြေရတယ်။

တရုပ်ဝန်ကြီးချုပ်ဟောင်း Li Peng လီပင်းဟာ ၂၂-၇-၂၀၁၉ တနင်္လာနေ့က ကွယ်လွန်သွားပါတယ်။ အသက် ၉၀ အရွယ်မှာ ဖြစ်ပါတယ်။ သူ့ကို တရုပ်ပြည်သား ဒီမိုကရေစီလိုလားသူတွေက ပီကင်းသားသတ်သမားလို့ အမည်ပေးထားကြတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပီကင်း (ဘေဂျင်း) မြို့ တိန်အန်မင်စကွဲယားမှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ တရားခံဖြစ်လို့ပါ။

သူသေဆုံးချိန်နဲ့ ဟောင်ကောင်ကဆန္ဒပြနေတာတွေ ဆက်ဖြစ်နေချိန် တိုက်ဆိုင်နေပါသေးတယ်။ တရုပ်အစိုးရက တရားခံလွှဲပြောင်းပေးရေးဥပဒေ ပြဋ္ဌာန်းလိုက်တာကနေစတဲ့ ဆန္ဒပြပွဲပါ။ နောက်မှာ လောဘကြီးလွန်းတဲ့ တရုပ် ကုန်သည်တွေကို မကျေနပ်တာပါပါလာတယ်။ ဆက်ပြီး ဒီမိုကရေစီတောင်းဆိုမှုပါ ပါလာတယ်။

လီပင်းဟာ တိန်ရှောင့်ဖိန် (ဒန်ရှောင်ပင်း) လက်အောက်မှာ အဲလို လက်ရဲဇက်ရဲလုပ်ခဲ့တာပါ။ ပီကင်းမြို့ကို မာရှယ်လော ထုတ်ခဲ့သူ။ အဲဒီတုန်းက တရားဝင်ထုတ်ပြန်ချက်မှာ စုစုပေါင်း လူ ၃၀၀ သေဆုံးတယ်။ ကျောင်းသူ ကျောင်းသာတွေအပြင် စစ်သားတွေလည်းပါတယ်။ ထုံးစံအတိုင်း မြန်မာပြည်မှာလို တကယ်သေတာက ပိုများနိုင်ပါတယ်။

တရုပ်လီပင်းနဲ့ မြန်မာပြည်က စစ်အစိုးရ နဝတ-နအဖ ဆက်စပ်မှု အတော်များတယ်။

လီပင်းဟာ တရုပ်ပြည်မှာ တန်ဖိုးအကြီးဆုံး Three Gorges Dam ရေကာတာ စီမံကိန်းကြီး လုပ်ခဲ့တယ်။ မြို့တွေရွာတွေ ဖယ်ရှားပေးရတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတယ်။ လီပင်းရဲ့သားနဲ့သမီးတို့က တရုပ် စွမ်းအင်လုပ်ငန်းတွေမှာ အမှုဆောင်လူကြီးတွေ။ သူ့သား လီရှောက်ပိန်းက ၂၀၁၆ မှာ ပို့ဆက်ဝန်ကြီးဖြစ်လာတယ်။

၁၉၉၄ ခုနှစ်အတွင်း လီပင်နဲ့ မြန်မာ့စစ်အစိုးရဆက်ဆံရေး အထူးကောင်းခဲ့တယ်။ တရုပ်ဗိုလ်ချုပ်ကြီး Li Jiulong လီဂျူလောင်း လာတယ်။ သူက တိဘက်ဒေသကို တာဝန်ယူထားသူ။

မြန်မာစစ်တပ်က Jianghu-class Chinese frigates စစ်သဘောင်္ာ ၂ စီးဝယ်တယ်။ မန္တလေးမှာ တရုပ် ကောင်စစ်ဝန်ရုံး ဖွင့်တယ်။ ၁၉၉၄ စက်တင်္ဘာမှာ အတွင်းရေးမှူး ၁ ဗခခင်ညွန့် တရုပ်ပြည်သွားတယ်။ သူ့အရင် လေတပ်က ဗခသိန်းဝင်း ကူမင်း (ကွေ့မင်) သွားတယ်။ စစ်လေယာဉ်တွေသွားကြည့်တာ။ နောက် ကြယ်ငါးပွင့်သင်္ဘောလိုင်းအတွက် သင်္ဘောသစ်ဝယ်ဘို့ သဘောတူစာချုပ်တယ်။ နိုဝင်္ဘာမှာ အတွင်းရေးမှူး ၂ ဗခကတင်ဦး တရုပ်သွားတယ်။ ၁၉၉၄ ဒီဇင်္ဘာမှာ ဗခမက သန်းရွှေဖိတ်လို့ လီပင်း မြန်မာပြည်လာတယ်။

တရုပ်ဝန်ကြီးချုပ်ဟောင်း လီပင်းသေတာကို တရုပ်ပြည်ကရော မြန်မာနိုင်ငံကပါ ဒီမိုကရေစီလိုလားသူတွေက ဝမ်းမနည်းကြပါ။ မြန်မာပြည်မှာ ဗိုလ်နေဝင်းနောက်ဆက်ခံတဲ့ ဦးစိန်လွင်ကလည်း ရန်ကုန်သားသတ်သမားလို့ သမိုင်းဆိုး တွင်ခဲ့ပါတယ်။

Cartoon by Rebel Pepper - Butcher of Beijing Meets Marx ကားလ်မတ် နှင့် ပီကင်းသားသတ်သမား လီပင်း တွေ့ဆုံခန်း

သားသတ်သမားတွေ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး