နှီးဒေါင်းလန်း နှင့် ဒူးတဖက်

ဆရာခင်ဗျာ တခုလောက် အကူညီတောင်းပါရစေခင်ဗျာ နှီးဒေါင်းလန်းတွေကို ရှေးမြန်မာတွေက ဘယ်နေရာ ဘယ်အခမ်းအနားတွေမှာ သုံးခဲ့တာ၊ ဘယ်ခေတ်နံရံဆေးရေးတွေမှာ ခေတ်ပြလူနေမှုပုံစံအနေနဲ့ဖော်ပြထားတာ၊ စတဲ့ သမိုင်းအထောက်အထားများသိခွင့်ရသလောက် ကူညီပေးပါဦးခင်ဗျာ မကြာမီကျင်းပမယ့် ASEAN Food Festival မှာ ဒေါင်းလန်းကြီးကို ပြခန်းတရပ်အနေနဲ့ ထည့်သွင်းပြသချင်လို့ပါခင်ဗျာ။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)၊ စာမျက်နှာ (၃၁၂) မှာ ပါရှိ။

မေးခွန်းပါ တစ်တွေကိုတော့ ပြင်လိုက်တယ်။ ဆောရီး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊
သမီးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှ (စားပေသာလှ) အုန်းခွက်ကယ်နှင့်လေး။

ဒူးတဖက်လို့သာ ရေးပါတယ်။ ခုခေတ် ဒူးတွေက တမျိုး။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး