ကျွန်တော့်မေးတာ မဟုတ်ပါ
ဘယ်သူမဆို ဖြေပါလို့ မေးတာနဲ့ အဖြေစာတွေ ဖတ်ရတယ်။
အမေး = သားဥပြွန်ကင်ဆာ 1A ပါ ကီမိုဆေးသွင်းပြီးရင် ပြန်ဖြစ်နိုင်လား ပြောပြပေးပါရှင့်
အဖြေတခု = ပြန်ဖြစ်နိုင်ပါတယ် ဆနွင်းနဲ့သံလွင်ဆီအမြဲသောက်ပါ သကြားရှောင်ပါ ဒိန်ချဉ်သို့မဟုတ် probiotic 30 billion သောက်ပါ အရွက်ရည် အရိုးပြုတ်ရည်သောက်ပါ အသားရှော့စားပါ
ကျွန်တော်ကတော့ ဆရာဝန်မှန်ပေမဲ့ သားဥပြွန်ကင်ဆာကို မသိပါ။ သားအိမ်ဝကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မျိုးဥအိမ် ကင်ဆာတွေသာ သိတယ်။
Cancer of the uterus သားအိမ်ကင်ဆာ https://doctortintswe.blogspot.com/2015/02/cancer-of-uterus.html
Ovarian cancer မျိုးဥအိမ်ကင်ဆာ https://doctortintswe.blogspot.com/2015/02/ovarian-cancer.html
Cervical Cancer links သားအိမ်ဝကင်ဆာ ဖတ်စရာများ https://doctortintswe.blogspot.com/2015/12/cervical-cancer-links.html
ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ သတင်းလည်း သိကြမှာပါ။ သူ့ရင်သားနှစ်ဖက်လုံးကို ဖြတ်ထုတ်ထားတယ်။ အကြောင်းကတော့ သူ့မှာ BRCA1 gene မျိုးဗီဇတွေ့လိုပါ။ အဲလိုဟာတွေသူတွေမှာ ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာ ဖြစ်လာတတ်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခွဲစိတ်ကုသမှု ခံယူတာဖြစ်ပါတယ်။ သူရှောင်တဲ့ အစားအသောက်စာရင်းနဲ့ သောက်တဲ့အားဆေးသတင်းတော့ အခုထိတော့ မတွေ့သေးပါ။
ဒေါက်တာတင့်ဆွေ
၁၈-၇-၂၀၁၉

Comments
Post a Comment