People မြန်မာစာ အတော်ဣနြေ္ဒမရပါ

အမေရိကမှာတော့ ကနေ့လည် ဒေါ်နယ်ထရမ့် ဇာတ်လိုက်ပဲ။

ထရမ့်က မီဒီယာကို ဆော်ထည့်လိုက်တယ်။ ပီးပဲလ်ရဲ့ အဲနီးမီးတဲ့။

မီဒီယာကလည်း ပြန်ချတယ်။ ထရီဇင် မြောက်တယ်တဲ့။

ဘိုစာလုံးလေးတွေကိုတော့ သည်းခံပေးပါ။ အဲနီးမီးကို ရန်သူလို့ဘာသာပြန်ကြမယ်ထင်ပါတယ်။ ထရီဇင်ကိုတော့ နိုင်ငံတော်သစ္စာဖေါက်မှုလို့ ဘာသာပြန်တာ မမှားလောက်ပါ။ ဒါတောင် မြန်မာသိပ်ဆန်လွန်းတယ်။ ဗမာလို တိုင်းပြည်သစ္စာဖောက်မှုက ပိုတိကျတယ်။

ပီးပဲလ်ကို ဘယ်လိုဘာသာပြန်မလဲ။

မြန်မာစာရေးရတာ အစိုးရတွေအပေါ်မူတည်တယ်။ ဖဆပလ ခေတ်မှာ လူထု။ မဆလ ခေတ်မှာ ပြည်သူ။ အခုဘာလဲ။ ပြည်သူပြည်သားလား။ ပြည်သူလူထုလား။

အရင်က အစိုးရ။ နောက် ပြည်သူ့အစိုးရ၊ လမ်းစဉ်ပါတီအစိုးရ။ အခု နိုင်ငံတော်တဲ့။

ဇာတ်ထဲမှာတော့ တိုင်းသူပြည်သား လူအများတို့လေ တဲ့။

မြန်မာစာ အတော်ဣနြေ္ဒမရပါ။ လူကြီးမျက်နှာကြည့် ရေးကြတယ်။ တိုင်းပြည်အဆင့် လူတွေအဆင့်ကတော့ ဘယ်လိုခေါ်ခေါ် ဘာရေးရေး သိတဲ့အတိုင်းပဲ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၈
၁၉-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး