ဦး နှင့် ဥူး

ဆရာခင်ဗျား ဦးသုတဆိုသောအမည်မှာ သတ်ပုံအရ ဦးသုတကအမှန်လား ဥူးသုတကအမှန်လားဖြေပေးပါခင်ဗျ၊

အစဉ်အဆက် ဦး လို့သာရေးတယ်။ ဆရာတော်တချို့က ဥူး ရေးတယ်။ တချို့ဘုန်းကြီးတွေက ဥုး လို့ရေးတယ်။ တချာင်ငင်နဲ့ ဝစ္စပေါက်တွဲသုံးတာ သတ်ပုံစာအုပ်တွေမှာတော့ မတွေ့ပါ။

လူအမည်ဆိုတာတော့ ကြိုက်သလိုရေးကြတယ်။ လေးနဲ့မြားက သတ်ပုံမှန်တယ်။ ဒဂုန်ရွှေမျှားလို့ ကလောင်အမည် ရှိတယ်။ င်မျင့်သိဏ်း လို့ရေးချင်လည်း ရေးနိုင်တယ်။

ဦး နှင့် ဥူး https://doctortintswe.blogspot.com/2017/10/blog-post_41.html

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ