I လူကတော့ တယောက်တည်း

ကွန်မင့်တခုရေးလာတယ်။ ဆရာဝန်ကို ဘာတေလာမေးနေတာတုန်း သူက လူဆိုး တဲ့။

တေတော့ မဟုတ်ပါ။ တွေလို့ရေးရတယ်။

ကျွန်တော့်ကို ၁၉၉၀ မတိုင်ခင်အထိ ပြည်တွင်းမှာ ဆရာဝန်လို့သာသိကြတယ်။

နယူးဒေလီမှာ ၂၀၀၂ ကနေ ၂၀၁၄ အထိ ယမုန်နာဆေးခန်းလေးဖွင့်တော့ လူနာတွေက ဆရာဝန်လို့သာသိကြတယ်။

၂၀၁၄ အကုန် ယူအက်စ်အေရောက်ပြီး၊ မြန်မာဘာသာပြန်ကျောင်းဆရာလုပ်တော့ ကျောင်းကလူတွေက ဘားမိးစ် ထရန်စလိတ်တာတီချားလို့သာ သိကြတယ်။

ရေဒီယိုတွေကတော့ ကျွန်တော့်အကြောင်းစုံ သိကြတယ်။

အင်္ဂလိပ်စာလုံး အိုင် ဆိုတာ ကျွန်တော်၊ ကျွန်ုပ်။ မေးစရာမေးနိုင်တဲ့နေရာတွေမှာ အင်ဖေါ်မေးရှင်းကိုလည်း အိုင်လို့သာ ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး