အိမ်ဦးနတ်

အိမ်ဦးနက်လို့ တင်ထားတာတခုတွေ့တယ်။ ပုံတွေဘာတွေကပါသေး။

နတ်
၃၇ မင်းနတ်
နတ်ကနားပွဲ
နတ်ကရာ ကျီးမော့
နတ်ကွန်း
နတ်ကွပ်
နတ်ကိုးကွယ်မှု
နတ်ချင်း
နတ်စင်
နတ်စိမ်း
နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်
နတ်ထိန်း
နတ်ဒိုး
နတ်ပူး
နတ်ရကာပွဲ
နတ်သံပစ်
နတ်သံနှော
နတ်သုဓာ
နတ်တော်လ
အိမ်ဦးနတ်

နက်
နက္ခတ်တာရာ
နက်ချိပ်
နက်နဲခက်ခဲလှသည်
နက်ကြုတ်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နက်ကျော
အဓိပ္ပါယ်အတိမ်အနက်
အနက်ရောင်
အသားနက်သည်
အောင်နက် (ခွေးအမည်)

မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက်လို့ မှားရေးကြတယ်။ ဟိုလူနက် သည်လူနက်တွဲလို့ ရေးရင်တော့ အသားမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မယ်။ ကိုယ့်ယောက်ျားကို အိမ်ဦးနက်လို့ရေးရင်လည်း အောင်နက်နဲ့ မှားဦးမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး