ဟု

အချစ်ဟုခေါ်သည်

ဆေးဆိုင်က ဝယ်သောက်တာမဟုလို့ မေးကြည့်တာပါ ဆရာ

မောင်ဘဟုခေါ်သည်
မလှဟုခေါ်သည်
မေတ္တာဟုခေါ်သည်
ဒေါသဟုခေါ်သည်
သစ္စာလေးပါးဟုခေါ်သည်
ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကုန်းမြေကို ကျွန်းဟုခေါ်သည်
ဟုတ်ကို ဟုလို့ရေးတာကို အမှားဟုခေါ်သည်

ART က ညဘက်သောက်ရင် ဗိုက်အောက်ပါသည်ဆရာ ဘယ်လိုလုပ်သင့်ပါသလဲ လမ်းညွှန်ပေးပါအုံး အစာအိမ်ရောင်ဘူးတဲ့ အခံလဲရှိလို့ပါဆရာ

ကလေး လူကြီး အသက် ကျား မ မသိ။ မေးနည်း ပို့လိုက်တယ်။

ဟုဆရာ Male 32 yr ပါ Stage 1 ပါ ဆေးစသောက်တာ ၃ ရက်မြောက်မှာ ဗိုက်အရမ်းအောင့်လို့ပါဆရာ Acute gastritis နဲ့ ဆေးရုံတက်မှ ဒီပိုးရှိမှန်းသိသွားတာဆရာ

Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2016/05/gastritis.html
Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html
ဟု ဟုတ် ဟုပ် https://doctortintswe.blogspot.com/2019/07/blog-post_9.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး