ဝါဆို ဝါခေါင် ပျိုးခင်းထောင်

တဆယ့်နှစ်လ

တပေါင်း တန်ခူး
အတာကူး။

ကဆုန် နယုန်
မိုးဦးမှုန်။

ဝါဆို ဝါခေါင်
ပျိုးခင်းထောင်။

တော်သလင်း သီတင်းကျွတ်
မီးပန်းလွှတ်။

တန်ဆောင်မုန်း နတ်တော်
မုံ့ဆန်းပေါ်။

ပြာသို တပို့တွဲ
ကောက်နှံရဲ။

စွဲမြဲမှတ်ကြ တဆယ့်နှစ်လ။ (နုယဉ်)

ဝါဆိုလ ပုန်းညက်ပန်း၊
ဝါကဆုန် နှမ်း နယုန်။
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်။
ဝါခေါင်တကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။
ဝါခေါင် မိုးစိပ် ထွန်တုံးပိတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်