ဖုန်းသံကြားတယ်

နေ့လယ်က မေးခွန်းတွေဖြေနေတုန်း ဖုန်းသံကြားတယ်။ အသံအမျိုးအစားကြားတာနဲ့ မက်စင်ဂျာကနေ ခေါ်တာသိတယ်။ မေးခွန်းမေးတာလား မသိ။ အဲလိုခေါ်တာတိုင်းကို မကိုင်ပါ။ နှမတွေ တူမတွေကခေါ်ရင် ဒေါ်မြမြအေးဆီသာခေါ်ကြတယ်။

ခဏနေတော့ ဒေါ်မြမြအေးက တအံ့တသြ လာပြောတယ်။ ဟောဒီမှာ မရွှေရည် ဘယ်သူနဲ့များ စကားပြောနေသလဲ မသိလို့ ဘုရားခန်းကနေ ထွက်လာရသတဲ့။

ကျွန်တော့်ဖုန်းရယ် ကွန်ပြူတာရယ် တက်ဘလက်ရယ်က အကောင့်တမျိုးတည်းနဲ့လုပ်ထားလို့ ဖေ့စ်ဘွတ်ကနေခေါ်ရင် သုံးခုလုံးမှာ အသံထွက်တယ်။

မန္တလေးက ကျွန်တော့်ညီကနေ ခေါ်တာတဲ့။ မရွှေရည်က တက်ဘလက်ကိုင်နေတော့ ဟူးအာယူ မေးလို့ ပြန်ဖြေရသတဲ့။ ဝှဲအာယူကလည်း ဆက်မေးဆိုပဲ။

ဒီမှာက ဘေးနားမှာလည်း ဘိုလို၊ တက်ဘလက်တို့ ယူကျူတို့ တီဗွီတို့မှာလည်း အမေရိကန်လို။ အဲတော့ အင်္ဂလိပ်စကား မတတ်မရှိ။ မိဘတွေက ဗမာစကားသာ တတ်နိုင်သလောက်သင်ပေးရတာ။

နေမကောင်းလို့ ကျွန်တော့်ဆီ ဖုန်းခေါ်ရင် မရွှေရည်ဆွေက ဖြေလိမ့်မယ်။

ခရမ်းပင် ခါးလောက်။
ခွေးတောက် ဒူးလောက်။
သတ္တမမြေး မရွှေရည်အရပ်လေးနဲ့ တိုင်းတာ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ