Sunday, July 21, 2019

Rangoon University Centennial Celebration ရန်ကုန်တက္ကသိုလ် နှင့် မြန်မာစာ

ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်တော့မယ်။ ဗြိတိသျှကိုလိုနီအစိုးရကနေ ၁၉၂၀ ခုနှစ်မှာ အက်ဥပဒေပြဋ္ဌာန်ပြီး ရန်ကုန်ကောလိပ် စဖွင့်ခဲ့ပါတယ်။ တချိန်က ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်တော့ ကျွန်တော်တို့က ဆေးကျောင်းသား။ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၁၉၇၀ ပါ မြန်မာစာသတ်ပုံကို တင်ပြပါရစေ။
အသင်းတသင်း၏ အတွင်းရေးမှူးတယောက် မန်းတင်
တက္ကသိုလ်ကောင်စီလာတဦး၏ အတွေ့အကြုံ တက္ကသိုလ်ကောင်စီလာတဦး
၁၉၂၉ မှသည် ၁၉၃၃ တခေတ်မို့ ဓို့ ဓ ဓွေ တက္ကသိုလ် ရွှေပြည်စိုး
သတ္တိရှိသော သစ်တပင် (ကဗျာ) မောင်စိန်ဝင်း (ပုတီးကုံး)

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ မပြည့်ခင်ကတည်းက တ မှန်သမျှ တစ် ကုန်ကြတော့တာ အကြောင်းရှိတယ်။ တက္ကသိုလ် မြန်မာအဘိဓာန်ကို မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းကဦးစီးပြီး ၁၉၄၄ ခုနှစ် ဂျပန်ခေတ်မှာ ပြုစုခဲ့တယ်။ ရန်ကုန်ပါမောက္ခ ဦးဖေမောင်တင်က သဘာပတိအဖြစ် တာဝန်ယူတယ်။ ကျောင်းသုံးအဘိဓာန်ငယ်ကို အရင်ပြုစုတာမှာ ကမ္ဘာစစ်ကြောင့် က အက္ခရာကနေ ဝ အက္ခရာအထိသာ ပြီးလိုက်တယ်။ စစ်ကြီးပြီးတော့ မြန်မာအဘိဓာန်ပြုစုဖို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဦးဝန်ကို တာဝန်ပေးတယ်။ ဦးဖေမောင်တင်နဲ့ ဒေါက်တာဘဟန်တို့က အကြံပေးတာဝန်ယူရတယ်။ ၁၉၆၄ မှာ ဆ အက္ခရာအထိ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး စစ်အာဏာသိမ်းလို့ ရပ်ဆိုင်းသွားရပြန်တယ်။ ၁၉၆၃ မှာ တော်လှန်ရေး ကောင်စီက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့တယ်။ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ ၁၉၇၈ မှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲထုတ်တယ်။ ၁၉၈ဝ နဲ့ ၁၉၉၁ မှာ ဆက်ထုတ်တယ်။ ကနေ့လည်းအဲတာကိုသာ ဆက်သုံးနေတယ်။

ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်မှာ တက္ကသိုလ်အားလုံး လျှမ်းလျှမ်းတစ်ဖြစ်နေကြပါတော့တယ်။ လွမ်းတာက သစ်ပုပ်ပင်ကြီး မဟုတ်။ အင်းယားဇာတ်လမ်းတွေ မဟုတ်ပါ။ မြန်မာစာကိုမှန်အောင်ရေးပြီး အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကာလဖြစ်ပါတယ်။

- Policy Dictionary ပေါ်လစီမြန်မာအဘိဓာန် သမိုင်း https://doctortintswe.blogspot.com/…/01/policy-dictionary.h…
- Rangoon University Students’ Union building ယူနီယံဟောင်းတနေရာ https://doctortintswe.blogspot.com/…/rangoon-university-stu…
- 1962 Rangoon University Protests ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်း https://doctortintswe.blogspot.com/…/1962-rangoon-universit…
- နှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ် https://www.bbc.com/burmese/in-depth-42181316
- RASU ရာဇူး https://doctortintswe.blogspot.com/2018/11/rasu.html

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...