Tokyo 2020 Olympic medal design unveiled တိုကျို ၂၀၂၀ အိုလံပစ်

မနေ့က တီဗွီမှာ သတင်းလာတယ်။ ဂျပန်မှာ ၂၀၂၀ ကျရင်ကျင်းပမဲ့ အိုလံပစ်ပွဲအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယန်သုံးမှာကို တာဝန်ရှိသူကနေ ခုခံပြောကြားတယ်။ ဂုဏ်ရှိတာ တန်ပါတယ်တဲ့။

ကနေ့သတင်းကို ပိုပြီးစိတ်ဝင်စားတယ်။ တိုကျို ၂၀၂၀ အိုလံပစ်မှာ ချီးမြှင့်မဲ့ ဆုတံဆိပ်ဒီဇိုင်းသတင်းဖြစ်ပါတယ်။ ဖုန်းအဟောင်းတွေကနေ လုပ်ထားတာတဲ့။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလုပ်ကြီးတခုလည်းဖြစ်တယ်။ ဂျပန်လူမျိုးတွေက လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ လှူကြတဲ့ ဖုန်းအဟောင်း ၆့၂ သန်းထဲက ရွှေ ၃၂ ကီလိုဂရမ်လောက်ကို အသုံးပြုထာပါသတဲ့။

ငွေ ၃့၅ တန်လည်းရတယ်။ ကြေး ၂့၂ တန်။ စုစုပေါင်း အိုလံပစ်နဲ့ ပါရာလံပစ် ဆုတံဆိပ် ၅၀၀၀ မှာ အသုံးပြုထားတယ်။

၂၀၁၆ ခုနှစ်က ကျင်းပပြီးခဲ့တဲ့ ဘရာဇီးလ်နိုင်ငံ ရီရိုအိုလံပစ်ပွဲတုန်းကလည်း အမှိုက်နေရွှေထုတ်နည်းကို သုံးခဲ့တယ်။ အခု တိုကျိုထက်တော့ နည်းတယ်။

တိုကျိုအိုလံပစ် ၂၀၂၀ မှာ စက်ရုပ်လေးမျိုးကို အသုံးပြုပါမယ်။ Miraitowa နဲ့ Someity mascots စက်ရုပ်တွေကနေ လာကြည့်သူတွေကို ကြိုဆိုကြမယ်။ လက်ဆွဲနှုတ်ဆက်ကြမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး