Senegal ဆီနီဂေါ နိုင်ငံ

နက်ဖြန်မှာ အာဖရိကဘောလုံး ဗိုလ်လုပွဲ ကစားကြမယ်။ ဆီနီဂေါနဲ့ အယ်လ်ဂျီးရီးယား။

ဆီနီဂေါ နိုင်ငံက အာဖရိကတိုက် အနောက်ပိုင်းမှာရှိတယ်။ ၁၅ ရာစုကတည်းက ပေါ်တူကီတွေ နယ်ချဲ့တယ်။ ၁၆၇၇ ကတည်းက ပြင်သစ်။ အခုဆီနီဂေါတွေက ပြင်သစ်စကားပြောကြတယ်။ ကျွန်စံနစ်မှာ ကျွန်အဖြစ်ရောင်းခံကြရတယ်။ ၁၉၆၀ မှာ လွတ်လပ်ရေးရတယ်။

အခု သမတစနစ်ကျင့်သုံးတယ်။ ပဌမဆုံးသမတက စာရေးဆရာ ကဗျာဆရာ။ တတိယသမတက လာဘ်စားသူ။ လက်ရှိ သမတက နံပါတ် ၄ မြောက်။ သူတက်လာတာကို မေးခွန်းထုတ်ကြတယ်။ သူတို့လည်း မြန်မာပြည်လို ဒီမိုကရေစီ တစိတ်တပိုင်းသာရှိတယ်။ ဘာသာရေးခေါင်းဆောင်က အာဏာတချို့ရထားတယ်။ ဖွဲ့စည်းပုံမှာ ဘာသာစုံ ကိုးကွယ်ခွင့် ဆိုပေမဲ့ မွတ်ဆလင် ၉၅့၉% လွှမ်းမိုးတယ်။ အကတိလိုက်စားမှု ပပျောက်ရေးလုပ်နေတယ်။

ကျန်းမာရေး ညံ့တယ်။ လူ့သက်တမ်း ၅၇့၅ နှစ်။ ကျန်းမာရေးအသုံးစရိတ် GDP ၂့၎% သာရှိတယ်။ လူဦးရေ တသိန်းမှာ ဆရာဝန် ၆ ယောက်။ မိန်းကလေးအင်္ဂါလှီးဖြတ်နည်း ၂၆% ရှိတယ်။ ကန်တော့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂၀၁၉

Comments