ပန်းတွေမွှေးတဲ့ တိုင်းပြည်

ပန်းတွေမွှေးတဲ့ တိုင်းပြည်ကို တမြန်နှစ်က ပြန်ရောက်ခဲ့တယ်။ လူတွေရော ပန်းတွေကိုပါ သတိရတယ်။

အခုနေရတဲ့ နိုင်ငံမှာလည်း အလွန်လှတဲ့ ဆန်းတဲ့ ပန်းတွေ ပေါပါတယ်။ ဒါပေမဲ့ မွှေးတာ မများ၊ ပန်သူရှားတယ်။

အကြာကြီးနေခဲ့တဲ့ နယူးဒေလီမှာ မကုလားမတွေက ပန်းမပန်။ မြန်မာပြည်ကလာကြတဲ့ တိုင်းရင်းသူတွေကလည်း ပန်းမပန်ကြပါ။ ဒေလီမှာ ပန်းရောင်းတာက ဦးကုလားတွေ။ ပန်းတွေက မမွှေးပါ။

မုံရွာမှာ မနက်လင်းရင် ကျွန်တော့်ကွန်ပြူတာရှေ့မှာ စပယ်ပန်းတွေ ရောက်လာပြီ။ ညနေဆိုရင် နေ့တိုင်း အိမ်နီးချင်းတယောက်က မမအေးအတွက် ခရေပန်းကုံးလာပေးတယ်။

ကိုယ့်တိုင်းပြည်မှာ သွားလေရာရာ အလွန်မွှေး အလွန်လှတဲ့ပန်းတွေ။ လူတွေရော ပန်းတွေပါ ကျန်းမာကြပါစေ။

ဒေါက်တာတင်ဆွေ
၂၂-၆-၂၀၁၈
၂၂-၆-၂၀၂၀

Comments