Renaming အမည်ပြောင်းခြင်း

အိန္ဒိယက မွန်ဘိုင်းကို အရင်က ဘုံဘေလို့ ရေးတာ ဖတ်ဘူးပါတယ်ဆရာ။ အဲ့ ၂ခု အတူတူပါဘဲလားခင်ဗျ။

အိန္ဒိယနိုင်ငံဟာ မြန်မာပြည်လိုပဲ ဗြိတိသျှကိုလိုနီဖြစ်ရာကနေ လွတ်လပ်ရေးရတယ်။ သူတို့ဆီမှာ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်ယဉ်ကျေးမှု ပိုပြီး အမြစ်တွယ်တယ်။ လွတ်လပ်ရေးရပြီးနောက် အင်္ဂလိပ်လက်ထက်ကအမည်တချို့ကို ပြောင်းလိုက်တယ်။ တချို့ကို ၁၉၄၇ ကတည်းကပြောင်းတယ်။ မကြာခဏ နောက်အမည်တွေပါပြောင်းတယ်။

Bombay ဘုံဘေ ကို Mumbai မွန်ဘိုင်း (၁၉၉၅)၊
Madras မဒရပ်စ် ကို Chennai ချနိုင်း (၁၉၉၆)၊
Cochin ကိုချင် ကို Kochi ကိုချီ (၁၉၉၆)၊
Calcutta ကာလကတ္တား ကို Kolkata ကိုလ်ကာတား (၂၀၀၁)။

ပြည်နယ်အမည် တချို့ကိုလည်း ပြောင်းထားတယ်။
Travancore-Cochin ကနေ Kerala (1 November 1956)
Madhya Bharat ကန Madhya Pradesh (1 November 1959)
Madras State ကနေ Tamil Nadu (14 January 1969)
Mysore State ကနေ Karnataka (1 November 1973)
Uttaranchal ကနေ Uttarakhand (1 January 2007)
Orissa (သြရိသ) ကနေ Odisha (4 November 2011)

ပြောင်းဖို့ကြိုးစားနေတဲ့အမည်တွေလည်းရှိတယ်။
Kerala ပြည်နယ်ကနေ Keralam ပြည်နယ်၊
West Bengal ပြည်နယ်ကနေ Bangla ဘင်္ဂလားပြည်နယ်၊
Goa (ဂိုအာ) ပြည်နယ်ကနေ Govapuri ပြည်နယ်၊
Nagaland (နာဂလန်း) ပြည်နယ်ကနေ Naganchi ပြည်နယ်စသဖြင့်။

သူတို့ဆီမှာ ကိုလိုနီခေတ်ကအမည်ကို လက်မခံချင်တာနဲ့ ဒေသဆိုင်ရာ အမျိုးသားရေးစိတ်ကြောင့် ပြောင်းတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ပြည်နယ်နဲ့ မြို့အမည်တွေပြောင်းတာကို ဒီမိုကရေစီကျင့်စဉ်အရနဲ့ ဥပဒေပြုမှုအဆင့်ဆင့်အရ လုပ်ရတယ်။

မြန်မာပြည်က စစ်အစိုးရလက်ထက်က အမည်ပြောင်းနဲ့ သတ်ပုံပြောင်းတွေဟာ ငါအုပ်ချုပ်နေတာ ငါ့သဘော လုပ်ထားတာ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး