Only One တခုတည်းသော

ကွန်မင့်တွေရတယ်။ ကျေးဇူး။

၁။ လင်ကွန်းခေတ်က one က ခု ထရန့်ခေတ်ထိ one ပဲဆိုတာသိရင် ကောင်းမှာပဲ

၂။ ပုဂံခေတ်က ကီးဘုတ်ဖြစ်မယ်

ကျွန်တော်လည်း ထင်ရှားအောင် တင်စားချက်နဲ့ ရေးလေ့ရှိတယ်။ အစိုးရပြောင်းလို့ သတ်ပုံပြင်တဲ့နိုင်ငံ ကမ္ဘာမှာ ကျွန်တော်တို့တိုင်းပြည် တခုတည်းသာရှိတယ်။

ရွှေဥဒေါင်း ၁၈၈၉ မှာမွေးပြီး ၁၉၇၃ မှာကွယ်လွန်တယ်။ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို ၁၉၆၁ မှာ ထုတ်ဝေတယ်။ နဝတ-နအဖ စစ်အစိုးရလက်ထက်မှာ စာအုပ်ကိုပြန်ထုတ်တော့ တတွေကို စသတ်ပြင်ထားတယ်။

William Shakespeare ရှိတ်စပီးယား ၁၅၆၄ မှာမွေးပြီး ၁၆၁၆ မှာ ကွယ်လွန်တယ်။ ရှိတ်စပီးယားစာအုပ်တွေကို အခုထိပြန်ထုတ်နေကြတာ သန်းပေါင်းများစွာရှိပြီ။ စပယ်လင် မပြင်ကြပါ။

အစိုးရပြောင်းလို့ သတ်ပုံပြင်တဲ့နိုင်ငံ ကမ္ဘာမှာ ကျွန်တော်တို့တိုင်းပြည် တခုတည်းသာရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး