လက်ဖက် နှင့် လ္ဘက်

၁။ ဆရာ အညာဒေသခရီးထွက်တော့ ပုဂံတစ်ချို့ဆိုင်တွေက လဖက် တစ်ချို့ဆိုင်တွေကျ လ္ဘက်လို့သုံးကြတယ်ဆရာ ဘယ်ဟာကိုမှတ်ထားသသင့်လဲခင်ဗျာ

၂။ ဆရာ လက်ဖက်ရည်၊ လက်ဘက်ရည်၊ လဖက်၊ လဘက် ဘယ်ဟာ မှန်ပါသလဲခင်ဗျာ။

မူကွဲသတ်ပုံတွေရှိတယ်။
ကစွန်း နဲ့ ကန်စွန်း
ကုတင် နဲ့ ခုတင်
ကချေသည် နဲ့ ကခြေသည်
ကျမ္မာ နဲ့ ကျန်းမာ
ချီးကျူး နဲ့ ခြီးကျူး
ငပိ နဲ့ ငါးပိ
ဆန်ခါ နဲ့ ဇကာ
တရုပ် နဲ့ တရုတ်
တကျော့နှစ်ကျော့ နဲ့ တကြော့နှစ်ကြော့
ဒါး နဲ့ ဓါး
ပဌမ နဲ့ ပထမ
ကြက်သရေ နဲ့ ကျက်သရေ
မုံ့ နဲ့ မုန့်
ယက္ကန်း နဲ့ ရက်ကန်း
မြမ္မာ နဲ့ မြန်မာ
လက်ဖက် နဲ့ လ္ဘက်
သမတ နဲ့ သမ္မတ
ကျေညာ နဲ့ ကြေညာ

မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ လျှာရှည်တာ။ တစ်ချို့ဆိုင်လို့ရေးတာလည်း မြန်မာစာရေးသူတိုင်းကို (၁၉၈၀-၁၉၉၀) မြန်မာစာအဖွဲ့က ပလီခိုင်းထားတာ။

လက်ဖက်ရေးရေး လ္ဘက်ရေးရေး ရှမ်းကုန်းပြင်မြင့်ကလာရင် ကောင်းတယ်။ ကျမ္မာရေးရေး ကျန်းမာရေးရေး ရောဂါမရှိမှ နေကောင်းတယ်။ မုံ့ရေးရေး မုန့်ရေးရေး သန့်ရှင်းတာ စားကောင်းတယ်။ ဒါးရေးရေး ဓါးရေးရေး သွေးထားမှသာ ထက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး