Coronavirus ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်

ယူကေနိုင်ငံမှာ ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နောက်တမျိုးကို လူတွေကို စတင်စမ်းသပ်ပါတော့မယ်။ Imperial College London မှာဆောင်ရွက်နေတာဖြစ်ပါတယ်။ အကောင်တွေကိုစမ်းသပ်စဉ်က စိတ်ချရမှုကောင်းပြီး ခံနိုင်ရည်လည်း ရရှိခဲ့တယ်။

ကမ္ဘာမှာ စမ်းသပ်မှုလုပ်နေတဲ့ ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း ၁၂၀ လောက်ရှိပါတယ်။

ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ရဲ့ထူးခြားမှုကတော့ အစဉ်အလာကါဝ်ဆေးတွေလို  ဗိုင်းရပ်စ်ကို အားနည်းသွားအောင် ပြုပြင်ထားတာ မဟုတ်ပဲ ဓါတ်ခွဲခန်းမှာလုပ်ထားတဲ့ RNA ကိုသုံးထားတယ်။ အခုလူ ၃၀၀ ကိုစမ်းပြီးတဲ့နောက် အောင်မြင်ရင် လူ ၆၀၀၀ ကိုစမ်းပါဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး