နက်ဆိုတာ မည်းတာ

ကွန်မင့်တခုရတယ်။ ခလေးတွေအပြင်မခေါ်ကြပါနက် တဲ့။

နက်ဆိုတာ မည်းတာ။ ကုသိုလ်နဲ့ အကုသိုလ်လို့ ရေးရတယ်။ ကုသိုလ်နက်လို့ရေးရင် အကုသိုလ်အဖြူလား စဉ်းစားရတော့မယ်။

နက်
အနက်ရောင်
နက်ကျော
နက်ကြုတ်
နက်ချိပ်
အသားနက်သည်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နက်နဲခက်ခဲလှသည်
အဓိပ္ပါယ်အတိမ်အနက်
နက္ခတ်တာရာ

နှင့်ကို စကားအရာမှာ နဲ့လို့သုံးတယ်။

နဲ့
ချည့်နဲ့နဲ့သာ ကျန်တော့သည်
နင့်နင့်သီးသီး
လှုပ်တိုင်းနဲ့သည်
သည်အဝတ်အစားနဲ့ လှသည်
သွားနဲ့သည်
သူနဲ့သာဆိုရင်
အကြောင်းနဲ့ အကျိုး
ထော့နဲ့ထော့နဲ့ သွားနေသည်
မေတ္တာနဲ့ သစ္စာ
ရွှေနဲ့ မြ နေနဲ့လ
နှဲ့၍ နဲ့
နုန့်နဲ့သည်

ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၂၀

Comments